စစ်တွေကိုပို့ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တပ်က ရဲလက်ထဲမအပ်ဘဲ ထိန်းသိမ်းထား၊ မိသားစုဝင်များ စိုးရိမ်နေ

စစ်တွေကိုပို့ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တပ်က ရဲလက်ထဲမအပ်ဘဲ ထိန်းသိမ်းထား၊ မိသားစုဝင်များ စိုးရိမ်နေ

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အာဏာသိမ်းစစ်ကောင်စီက ပို့ဆောင်ခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့မှ ချင်းလူငယ်ငါးဦးသည် ယနေ့အချိန်ထိ ရဲလက်ထဲသို့မရောက်သေးဘဲ စစ်တပ်လက်ထဲတွင်ရှိနေကြောင်း ယူဆရသည့်အတွက် မိသားစုဝင်များက စိုးရမ်လျက်ရှိကြောင်း သိရသည်။

 

“သူတို့ကို ပလက်ဝမြို့ ရဲစခန်းမှူးကနေ အမှုဖွင့်တာလေ။ ၅၀၅ (က) နဲ့ စစ်တွေမြို့ကို လွှဲလိုက်တယ်ဆိုတော့ စစ်တွေက ရဲလက်ထဲကို အပ်ရတော့မှာလေ။ သဘောက ဒါပေမယ့် အခုဟာက စစ်တပ်ထဲမှာပဲ ထိန်းသိမ်းထားတဲ့သဘောဖြစ်နေတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့လို့မရကြတော့ စိတ်ပူနေကြတယ်" ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

 

ပလက်ဝမြို့တွင် မေ ၂၈ ရက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းလူငယ် ငါးဦးကို ဇွန် ၁၇ ရက်က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရကာ ဇွန် ၁၈ ရက်က ပလက်ဝမြို့ရှိ ၂၈၉ တပ်ရင်းမှ စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ချင်းလူငယ်ငါးဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြသည်။

 

၎င်းတို့သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံ၍ ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေလွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက်ကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...