မီဇိုရမ် အားကစားဝန်ကြီးမိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

မီဇိုရမ် အားကစားဝန်ကြီးမိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte မိသားစုက လိုအပ်သောစားနပ်ရိက္ခာများကို ယနေ့ (ဇွန် ၂၁ ရက်) ၌ ကူညီထောက်ပံ့ခဲ့သည်။ 

 

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည် သူများအတွက် Pu Robert Romawia Royte မိသားစုမှ ထောက်ပံ့သော ဆန်အိတ် ၃၀၊ အာလူး အိတ် ၃၀၊ သကြား အိတ် ၁၀၊ ပဲ အိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ် ကို ဇွန် ၂၁ ရက်နံနက်က အိုက်ဇောလ်မြို့ကနေ ကုန်တင်ကားဖြင့် ကျန်းဖိုင်းခရိုင်ဘက်ကို ထွက်ခွာခဲ့ကြောင်း သိရသည်။ 

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်က Mizo Students’ Union (MSU) နှင့် Myanmar Refugee Relief Committee (MRRC) အဖွဲ့တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ်ဒေသတလျောက်တွင် ရောက်ရှိနေထိုင်ကြသော စစ်ဘေးရှောင်များထံသွားရောက်ပြီး ကူညီထောက်ပံ့ခဲ့ကြသည်။ 

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်လာကြသူ စစ်ဘေးရှောင် ရာနဲ့ချီ ယခုရက်ပိုင်းအတွင်း ရှိနေပြီဖြစ်ကြောင်းသိရပြီး မီဇိုရမ်ပြည်နယ်အတွင်း ဝင်လို့မရဘဲ နယ်စပ်ဒေသတွင် သောင်တင်နေကြသောသူများစွာလည်းရှိနေကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်က ပြည်သူ့အစိုးရထံ အာဏာသိမ်းယူခဲ့ပြီးနောက် ယခုလက်ရှိ အခြေအနေအထိ မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...