စစ်တပ်က အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်တွင် ရွှေတရားမ၀င်တူးဖော်မှုများ ပိုမိုများပြားလာ

စစ်တပ်က အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်တွင် ရွှေတရားမ၀င်တူးဖော်မှုများ ပိုမိုများပြားလာ

စစ်ကောင်စီမှ အာဏာသိမ်းခဲ့ပြီးနောက် ဟုမ္မလင်းမြို့နယ်တွင် တရားမ၀င်ရွေတူဖော်မှုများ ပိုမိုများပြားလာကြကြောင်း ဒေသခံများကပြောသည်။

“အာဏာမသိမ်းခင်ကတည်းက လုပ်တော့လုပ်ကြတယ် အခုနောက်ပိုင်း ပိုပြီး အခွင့်ကောင်းယူပြီး လုပ်လာကြတယ်။ ဘယ်ကတွေဘယ်လို ရောက်လာမှန်းလဲမသိဘူး။ ဘယ်ကို တိုင်ရပြောရမှန်းကိုမသိတော့ဘူး” ဟု ဥရုချောင်းရိုးဒေသခံတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်ရှိ ဥရုချောင်းရိုးအတွင်း တရားမ၀င်ရွေတူးဖော်မှုများ မြင့်တက်လာသလို နောင်ပိုအောင်ကျေးရွာအုပ်စု လွှစင်ကုန်းကျေးရွာ နှင့် ‌မြောက်ရွာကြားရှိ နောင်မယ်မိုက် (မုဆိုးမအင်း) မြေနေရာတွင် တရားမဝင်ရွှေတူးဖော်မှုများ လာရောက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတော့ မျှောစင်လာမချသေးဘူး။ ပိတ်တန်းအရင်ကာနှင့်ကြတာပါ့။ စာသွားတင်တဲ့နေ့က သူတို့ဖုန်းနဲ့လှမ်းတားတယ်။ ဒါပေမယ့် အခုထိမရပ်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

တရားမဝင်ရွှေမျှောတူးဖော်သူများက ထိုအင်းကို ဘတ်ဟိုးများဖြင့် မြေရှင်းလင်းမှုများ ပြုလုပ်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး မည်သူဖြစ်သည်ကို အတိအကျမသိသေးသော်လည်း မြောက်ရွာဒေသခံတစ်ဦးက အမည်ခံလုပ်ပေးနေကြောင်း သိရသည်။

ထိုရွှေမျှောလုပ်ကိုင်မှုကြောင့် အင်းအနီးနားရှိ လယ်မြေဧက နှစ်ရာကျော် ထိခိုက်ပျက်ဆီးနိုင်သောကြောင့် ဒေသခံများက ဇွန် ၁၅ ရက်၌ ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့အား တားဆီးပေးရန် တိုင်တန်းအကြောင်းကြားခဲ့သော်လည်း လက်ရှိအချိန်ထိ လာရောက်တားဆီးပေးခြင်းမရှိသလို ရွှေမျှောလုပ်ကိုင်သူများကလည်း ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...