မတူပီမြို့တွင် ကျောင်းဆရာလူငယ်တစ်ဦး ဖမ်းဆီးခံရ

မတူပီမြို့တွင် ကျောင်းဆရာလူငယ်တစ်ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ် မတူပီမြို့တွင် ကျောင်းဆရာလူငယ်တစ်ဦး ဇွန် ၁၆ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲများ၏ ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။

 

"သူက အရင်ကတည်းက ဖမ်းဝရမ်းမှာပါထားတယ်။ အဲလိုမျိုး လူငယ်လှုပ်ရှားမှုပိုင်းမှာလည်းပါတယ်။ ဖမ်းဝရမ်းထုတ်ထားပြီး အရင်ကတည်းကလိုက်စုံစမ်းတဲ့အထဲမှာလည်းပါတယ်။ မနေ့ကဖမ်းတာလည်း သူက တစ်ရက်နှစ်ရက်လောက်ပဲ အိမ်မှာနေသေးတာ။ ရွာမှာ သူက တိမ်းရှောင်နေတာ။ မတူပီခဏပြန်တာနဲ့ ဖမ်းကြတာ တိုင်တာလည်းပါတယ်ထင်တယ်" ဟု မတူပီမြို့ဒေသခံကပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခံရသူမှာ မတူပီမြို့ ကားကြီးဝင်းအနီးနေထိုင်သူ ဆလိုင်းပီတာဖြစ်ပြီး လက်ရှိတွင် မတူပီရဲစခန်းတွင် ထိန်းသိမ်းခံရကြောင်း သိရသည်။

 

ဆလိုင်းပီတာသည် ယခင်က လိုင်လင်းပီမြို့တွင် ကျောင်းဆရာတစ်ဦးအဖြစ် စာသင်ကြားခဲ့ဖူးသူဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...