မိုးညှင်းမြို့နယ် အင်းလေကျေးရွာ အလယ်တန်းကျောင်း မီးရှို့ခံရ

မိုးညှင်းမြို့နယ် အင်းလေကျေးရွာ အလယ်တန်းကျောင်း မီးရှို့ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အင်းလေးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။

အဆိုပါကျောင်းသည် ဇွန် ၁၆ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အလျားပေ ၁၂၀၊ အနံ ပေ ၃၀၊ အမြင့် ၁၈ ပေခန့်ရှိ သွပ်မိုး၊ နံကပ် တစ်ထပ်ကျောင်းဆောင်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

“ည ၁၂ နာရီလောက်မှာ စလောင်တယ်။ ချက်ခြင်းကြီး ဘယ်သူမှ မီသွားမငြိမ်းရဲ့ဘူ။ နောက်တော့ ထွက်ငြိမ်းကြတော့ မနိုင်တော့ဘူး။ မီးသတ်ကားတွေက အာလုံးပြီးမှရောက်လာတာ“ ဟု ဒေသခံတစ်ဦးကပြောသည်။

မိုးညှင်းမြို့နယ်တွင် စာသင်ကျောင်းသုံးကျောင်း မီရှို့ခံရပြီး ဗုံးခွဲခံရသည့်စာသင်ကျောင်းတစ်ကျောင်းရှိကာ မီးရှို့ခံရသည့် စာသင်ကျောင်းများမှာ ဇွန် ၈ ရက်တွင် မိုးညှင်းမြို့၊ နားခါ အထက်တန်းကျောင်း၊ မြို့သစ်ကလေးကျေးရွာ အထက်တန်းကျောင်းနှင့် ဇွန် ၉ ရက်တွင် အင်းတော်ကြီးမြို့ (ယခင်လုံးတုံရွာ) အထက်တန်းကျောင်းတို့ဖြစ်ကြောင်းနှင့် ဗုံးခွဲခံရသည့် စာသင်ကျောင်းမှာ မိုးညှင်းမြို့ရှိ အ.ထ.က ၁  ကျောင်းဖြစ်ပြီး ဗုံးခွဲခံရမှုကြောင့် ကျောင်းရှေ့အုပ်နံရံတစ်ချို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...