ချင်းပြည်နယ် ပလက်ဝမြို့တွင် မေ ၂၈ ရက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ ၁၈ ဦးထဲမှ ငါးဦးကို ပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
“ဟိုတနေ့က ခြောက်ယောက်ကျန်သေးတာ။ အဲဒီထဲမှာ ဆေးရုံကဝန်ထမ်း ဦးဝှေ့ရန်းက ပြန်ပြီးတော့ခေါ်တယ်။ ဒါပေမယ့် ပြန်လွတ်လိုက်ပြီလို့ကြားတယ်။ ခြောက်ဦးထဲက တစ်ယောက်ပြန်လွတ်တယ်။ ငါးယောက်ကျန်သေးတာပေါ့။ ဘာကြောင့် မလွတ်သေးတာလဲတော့မသိဘူး။ သူတို့ အထက်ကိုတင်ပြတဲ့ဟာ ပြန်မရောက်သေးတာလား။ အဲလိုတော့ကြားလိုက်တယ်" ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေ ၂၈ ရက် နံနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင် အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ ခြောက်ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမီက ပြန်လွတ်လာသဖြင့် ယခုချိန်ထိ ငါးဦးကျန်ရှိနေဆဲဖြစ်သည်။
Published
Wednesday, June 16, 2021
ပလက်ဝတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီးနောက် ဖမ်းဆီးခဲ့သူများအနက် ငါးဦးကို စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထားဆဲ