အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့် ဆီးဘူးဒေသဖြတ်ကျော်၍ ဒီးမော့ဆိုလမ်းကြောင်းအတိုင်း ခြေလျင်ခရီးဆက်

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့် ဆီးဘူးဒေသဖြတ်ကျော်၍ ဒီးမော့ဆိုလမ်းကြောင်းအတိုင်း ခြေလျင်ခရီးဆက်
by -
နော်ဒွေးအယ်ခူ (KT)

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့်က ကယန်းပြည်သစ် ဌာနချုပ်တည်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသကိုကျော်ဖြတ်၍ ဒီမော့ဆိုလမ်းကြောင်းအတိုင်း ခြေလျင်ဖြင့် ခရီးဆက်နေကြောင်း သိရသည်။ 

 

ယနေ့ (ဇွန် ၉ ရက်) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားအင်အား ၃၀ဝ န်းကျင်ခန့်ပါသည့် ကားတစ်စီးနှင့် ကားအဖြူအသေးတစ်စီးသည် ရှေ့ပြေးအနေဖြင့် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းသို့ ဦးတည်၍ဆင်းသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

“တစ်ချို့တောင် ဆီးဘူးကျော်နေပြီ လမ်းလျှောက်သွားကြတယ် အများကြီးပဲ။ သူတို့ကားလည်းပါတယ်။ အကုန်မတက်လာလောက်သေးဘူးထင်တယ်။ ယာဒိုမှာတပ်စွဲထားတဲ့တပ်က မနက်အစောပိုင်း အင်အား ၃၀လောက်ပါတဲ့ ကားတစ်စီးနဲ့ ဒိုင်ဘာကားက ရှေ့ပြေးအနေနဲ့ တက်သွားတယ်။ သူတို့ကို ကားအဖြူအငယ်တစ်စီးက လိုက်ပို့လမ်းရှင်းပေးနေတာ။ ခု ခြေလျင်နဲ့ ဦးရေ ၃၀၀ ကျော်တယ်။ ရိက္ခာတင်ကား ခုနစ်စီးပါတယ်။ ဆီးဘူးကို ဖြတ်သွားတာ ရွာပြင်မှာနားသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အကြမ်းဖက်စစ်ကောင်စီဖက်က လူအင်အား ၃၀၀ ကျော်နှင့် ရိက္ခာအပြည့်ပါသည့် စစ်ကားအစီး ၂၀ ကျော်က ဇွန် ၇ ရက်တွင် တောင်ငူမြို့ဖက်မှ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သို-သောက်ရေခပ်-ယာဒိုလမ်းအတိုင်း ဆင်းလာပြီး ဇွန် ၇ ရက် ညပိုင်း၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်သည့် ယာဒိုကျေးရွာတွင် တစ်ည တပ်စွဲခဲ့ကြောင်း သိရသည်။ 

 

ဇွန် ၈ ရက်ညပိုင်းတွင် ကယန်းပြည်သစ်ဌာနချုပ်တည်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသအနီးတစ်ဝိုက်တွင် တစ်ည တပ်စွဲနားခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။ 

 

အကြမ်းဖက်စစ်ကောင်စီတပ် ခန့်မှန်းအင်အား ၃၀၀ ခန့်သည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဖက်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးကျေးရွာကိုဖြတ်၍ ကရင်နီ (ကယား) ပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်လာနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက ယနေ့ ဇွန် ၉ ရက်တွင် ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားက တပ်စွဲလာမှုကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေသည့်အတွက် နယ်မြေဒေသခံအချို့မှာ ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...