ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဇွန် ၆ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဖက်က အယောက် ၅၀ ခန့် သေဆုံးမှုရှိခဲ့ပြီး CDF ဘက်မှ သုံးဦးကျဆုံးခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ချောင်းဆုံအနီးတဝိုက်တွင်ဖြစ်သော တိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်များ ၄၀ ခန့်ကျဆုံးခဲ့ပြီး ယှက်ရွာတိုက်ပွဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့်ကျဆုံးမည်ဟု ခန့်မှန်းရကာ ဒဏ်ရာရသူများလည်းရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချောင်းဆုံတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် မင်းထို့အပြင်တပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှေက်တပ် စသည်တို့မှ ပစ်ကူသည့်အပြင် လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့သည်။
CDF မင်းတပ်မှလည်း သုံးဦးကျဆုံးပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိကာ ချောင်းဆုံတိုက်ပွဲတွင် နှစ်ဦး (ထန်းမာန် - စိချဲ့နှင့် ဟာဖေ - မရှိန်းလှော်) ကျဆုံးပြီး ဒဏ်ရာရသူ ခြောက်ဦးခန့်ရှိကြောင်းနှင့် ယှက်ရွာတိုက်ပွဲ မင်းတပ် CDF ဖက်မှ တစ်ဦး (ရဲဘော် ငိုင်းရှိန်းမာန် - ဝကောက်) ကျဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့်ဖြစ်ကြောင်း သိရသည်။
Published
Wednesday, June 09, 2021
မင်းတပ်တိုက်ပွဲ စစ်ကောင်စီဘက်မှ ၅၀ ခန့်သေဆုံးမှုရှိဟုဆို