စစ်တပ်က ပြည်သူကိုထိုးစစ်ဆင်မှု ရပ်တန့်စေရေးအတွက် အရေးယူပေးရန်အပါအဝင် အချက် ၅ ချက်ကို လုပ်ဆောင်ပေးရန် ကုသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တောင်းဆို

စစ်တပ်က ပြည်သူကိုထိုးစစ်ဆင်မှု ရပ်တန့်စေရေးအတွက် အရေးယူပေးရန်အပါအဝင် အချက် ၅ ချက်ကို လုပ်ဆောင်ပေးရန် ကုသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တောင်းဆို
by -
နော်ဒွေးအယ်ခူ (KT)

စစ်တပ်က ပြည်သူကိုထိုးစစ်ဆင်မှု ရပ်တန့်စေရေးအတွက် အရေးယူပေးရန်အပါအဝင် အချက် ၅ ချက်ကို လုပ်ဆောင်ပေးရန် ကုသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီက မေတ္တာရပ်ခံတောင်းဆိုလိုက်ကြောင်း သိရသည်။ 

 

ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မေ ၂၀ ရက်မှစတင်ကာ လူထုများသည် မိမိကိုယ်ကိုခုခံကာကွယ်သည့် တိုက်ပွဲမှအစပြု၍ ယနေ့တိုင် ဒေသခံတပ်နဲ့ စစ်တပ်တို့ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့နေပြည်သူသာမက ကျေးလက်ပြည်သူများ တစ်သိန်းခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

အဆိုပါပါတီက ဇွန် ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် မေတ္တာရပ်ခံတောင်းဆိုချက်များမှာ (၁) နေအိမ်အတွင်း နေထိုင်သည့်မိသားစုဝင်များ၊ လမ်းသွားလမ်းလာ အပြစ်မဲ့ပြည်သူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများကို လိုက်လံကူညီပံ့ပိုးသည့် စေတနာ့ဝန်ထမ်းများအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုအား ချက်ချင်းရပ်တန့်ရေးအတွက် တောင်းဆိုပေးသွားရန်၊(၂) ပြည်နယ်အတွင်း စားသုံးကုန်၊ လူသုံးကုန်များ ပုံမှန်ပို့ဆောင်ရောင်းချပေးနေသည့် ကုန်တင်ယာဉ်များအား ရပ်တန့်ကာ လာရင်းအရပ်သို့ ပြန်သွားခိုင်းခြင်းအား ချက်ချင်းရပ်တန့်ရေးအတွက် တောင်းဆိုကန့်ကွက်သွားရန်၊ (၃) တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာ မြို့ပြများအတွင်းသို့ ပစ်ခတ်နေခြင်းများအား ချက်ချင်းရပ်တန့်ရန်အတွက် ဖိအားပေးတောင်းဆိုသွားရန်၊ (၄) ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများ စားဝတ်နေရေးပြတ်လပ်နေမှု ပံ့ပိုးကူညီပေးရန်နှင့် ရုတ်တရက်ဖြစ်ပွားလာသည့် ဝမ်းရောဂါနှင့် အခြားကူးစက်ရောဂါတို့အား တားဆီးကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအကူအညီများ ချက်ချင်းဖော်ဆောင်ပေးသွားရန်၊ (၅) စစ်တပ်မှ ပြည်သူလူထုတို့အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ချက်ချင်း ရပ်တန့်သွားရေးအတွက် အရေးယူဆောင်ရွက်ပေးပါရန် ဟူ၍ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...