တောင်ကြီးရှိ ၂၁၂ တပ်တွင် တပ်သားအချင်းချင်း စကားများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

တောင်ကြီးရှိ ၂၁၂ တပ်တွင် တပ်သားအချင်းချင်း စကားများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ၂၁၂ ဆက်သွယ်ရေးတပ်ထဲ၌ စစ်သားအချင်းချင်း စကားများရာမှ သေနတ်ဖြင့် ပစ်ခတ်မှု ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရသည်။

 

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသောဆက်သွယ်ရေးတပ်  ၂၁၂ ၌ စစ်သားနှစ်ဦး စကားများရာမှ တစ်ဦးက အနီးရှိ ဓါးဖြင့် ခုတ်၍ တစ်ဦးက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ၂၁၂ ဈေးအနီး တွင် နေထိုင်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူကဝင်လုပ်တယ်ဆိုတာက သတင်းအမှားပါ။ သူတို့ တပ်ထဲ ကတုတ်ကျင်းတူးနေကြရင်း နဲ့ အချင်းချင်း စကားများရာကနေ တစ်ယောက်က ဓါးနဲ့ ခုတ်လိုက်တာ။ အခုတ်ခံရတဲ့သူက ဘယ်ဖက် လက်မောင်းမှာ ဒဏ်ရာရသွားပြီးတော့ ဓါးနဲ့ ခုတ်သူကို သေနတ်နဲ့ ပြန်ပစ်တာ” ဟု ၎င်း က ပြောသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ ပေါ်တွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားပြီး ၂၁၂ တပ်အနီးတဝို က်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် တပ်ထဲတွင် ကတုတ်ကျင်းများ တူးရာမှ စစ်သားအချင်းချင်း စကားများကာ သေနတ်ပစ်ဖောက်သည့် အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေ ၂၇ ရက်က ဆက်သွယ်ရေးတပ် ၂၁၂အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦး သေဆုံးခဲ့သည်။

ထို့နောက် တပ်ရှေ့ ဖြတ်သန်းသွားသည့် ပြည်သူများ ကို စစ်ကောင်စီ အုပ်စုက စစ်ဆေးမှု ပြုလုပ်ပြီး၊ ပြည်သူများပါလာသည့် ဖုန်းများကိုလည်း စစ်ဆေးကာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...