မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်း ၁၀၀ကျော် ရာထူးမှ ထုတ်ပယ်ခံရ

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်း ၁၀၀ကျော် ရာထူးမှ ထုတ်ပယ်ခံရ

အကြမ်းမဖက်  အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သော  မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CDM ဝန်ထမ်း ၁၀၉ ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရသည်။



အဆိုပါ ဝန်ထမ်းများကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်ခြင်း၊ လုပ်ငန်းတာဝန်၊ ဌာနနှင့်ကင်းကွာနေခြင်း စသဖြင့် စိစစ်တွေ့ရှိသည့်အတွက် နိုင်ငံဝန်ထမ်းစည်းကမ်း ဖောက်ဖျက် သည်ဟုဆိုကာ မေ ၂၁ ရက်၌ အာဏာသိမ်းစစ်တပ်က ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ ရာထူးမှ ထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ မေ ၂၁ရက် ညနေပိုင်းတွင် CDM ပြုလုပ်သော ဝန်ထမ်း တစ်ချို့ဆီကို အကြောင်းကြားစာ အရင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။



CDM ဝန်ထမ်းတွေကို ရာထူးကနေ ထုတ်ပယ်တာတွေ ဆက်တိုက်လုပ်ဆောင်နေသော်လည်း ရာထူးပြန်လည် ရရှိရေးအတွက် လုပ်ငန်းခွင် ပြန်ဝင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ရာထူးက ထုတ်ပယ်ခံရသော ဝန်ထမ်းများတွင် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၊ ခရိုင်ရုံးခွဲများ၊ ပြည်နယ်ဦးစီးမှူးရုံး၊  နှစ်ရှည်ခြံရှိ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း (သထုံ)မှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။



ယင်းသို့ ထုတ်ပယ်ခံရသူများထဲတွင် ဒု/လထ ဦးစီးမှူး၊ ဒုဦးစီးမှူး၊ လထ ဦးစီးမှူး၊  အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ အငယ်တန်း လက်နှိပ်စက်သမားများအပြင် အစောင့်ဝန်ထမ်းနှင် သန့်ရှင်းရေး ဝန်ထမ်းများအထိ ပါဝင်နေသည်။



ထို့သို့ ထုတ်ပယ်ခံရသူများအနေဖြင့် အယူခံဝင်နိုင်ကြောင်း အကြောင်းကြားစာတွင်  ရေးသားထား ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...