ချင်းပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ တစ်သိန်းဝန်းကျင်ရှိသည့်အနက် ၆၀၀၀ ကျော်သာ ကျောင်းအပ်နှံ

ချင်းပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ တစ်သိန်းဝန်းကျင်ရှိသည့်အနက် ၆၀၀၀ ကျော်သာ ကျောင်းအပ်နှံ

ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံသော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီး လာမည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း ၇၀၀ ကျော် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းကြောင်း ချင်းပြည်နယ် ပညာရေးမှူးကပြောသည်။

 

“မေ၂၄ ကနေ ၂၇ ရက်အထိတော့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၄၂၆ ယောက်ရှိတယ်။ ဒါကပြည်နယ်အ ချုပ်ပြောတာ။ ကျွန်တော်တို့ အခုလောလောဆယ်ကတော့ ၇၇၅ ကျောင်းလောက်ပဲ ဖွင့်နိုင်မယ်။ ဒါလည်း မသေချာဘူးပေါ့။ ခန့်မှန်းတာ။ တကယ့်က ဇွန် ၁ ရက်ကျမှ ဆရာတွေဝင် ရောက်မှုနဲ့ ချိန်ပြီးတော့ ပိုပြီးတော့တိတိကျကျသိရမှာပေါ့ ” ဟု ပညာရေးမှုးကပြောသည်။

 

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူကျောင်းသားစုစုပေါင်း တစ်သိန်းဝန်း ကျင်ခန့်ရှိလေ့ရှိပြီး ဇွန် ၁ ရက် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ဖွင့်လှစ်မည့် ကျောင်းဖွင့်ရာသီ တွင် ချင်းပြည်နယ်၌ လူဦးရေ အများစုသည် ကျောင်းအပ်နှံခြင်းမရှိကြပေ။

 

မြို့နယ် ကိုးမြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မင်းတပ်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့နယ်တို့တွင် ကျောင်းအပ်နှံသူ တစ်ယောက်မှမရှိကြဘဲ ကျန်မြို့နယ်မှာလည်း ကျောင်းသားအနည်းအကျဉ်းကသာ ကျောင်းအပ်နှံခဲ့ကြခြင်းဖြစ်သည်။

 

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်းရှိသည့်အနက် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပေါင်း ၇၇၅ ကျောင်းခန့်ဖွင့်လှစ်နိုင်ရန်ခန့်မှန်းထားကြသော်လည်း စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု CDM တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ အယောက် ၄၀၀၀ ကျော် တာဝန်မှရပ်ဆိုင်းခံရသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်အခဲဖြစ်လာနိုင်သည်ဟု ချင်းပြည်နယ်ပညာရေးမှူးကပြောသည်။

 

“အရင်က ကျောင်းဆရာ၊ဆရာမ ၁၀၀ ရာခိုင်နှုန်းတက်တုန်းကတောင်မှ လိုအပ်ချက်ကအများကြီးလေ အခုက လူက ထက်ဝက်လောက်မရှိတော့ဘူးဆိုတော့ တော်တော်ခက်မှာပေါ့’’ ဟု ချင်းပြည်နယ်ပညာရေးမှူးကပြောသည်။

 

ချင်းပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၉၆၆၇ ခန့်ရှိပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကျောင်းဆရာ၊ ဆရာမ ၄၂၃၇ ဦးသည် အာဏာသိမ်းစစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ကျောင်းအပ်နှံသော ကျောင်းသားဦးရေ အများဆုံးများမြို့ဖြစ်ပြီး ဒုတိယမှ တီးတိန်မြို့နယ်ဖြစ်ကာ တတိယမှာ ဖလမ်းမြို့နယ်ဖြစ်သည်ဟု သိရှိရသည်။

 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...