ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်နှင့်ပစ်သတ်ခံရ

ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်နှင့်ပစ်သတ်ခံရ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ဆွေ သေနတ်ပစ်ခတ်ရသဖြင့် သေဆုံးမှု ယနေ့ (မေ ၂၇ ရက်) နံနက် ၈ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းသို့ သေနတ်ဖြင့်ပစ်ခတ်မှုတွင် ဦးမြင့်ဆွေ၏ ဇနီးဖြစ်သူမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှ လူနှစ်ဦးက ဆိုင်ကယ်ဖြစ်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် နေရာတွင်ပင်သေဆုံးသွားကြောင်း ဘီးလင်းဒေသခံတစ်ဦးထံမှ သိရသည်။

 

“သူက အရင်တုန်းက အမတ်ဟောင်းဗျ။ လုပ်ကြံတဲ့သူက ဆိုင်ကယ်နဲ့လာပြီးပစ်တာ။ သူက ပွဲချင်းပြီးတယ်။ အမျိုးသမီးကတော့ မေးရိုးပွင့်သွားတယ်လို့ သိရပါတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိတွင် အလူးလေးကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိနေပြီး လမ်းပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ၎င်းတို့ထံကသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...