ရွာလုံးကျွတ်မီးလောင်သွားသည့် ကြက်ဥဝကျေးရွာ ပြန်လည်တည်ဆောက်နေမှု ထက်ဝက်ကျော်ပြီးစီး

ရွာလုံးကျွတ်မီးလောင်သွားသည့် ကြက်ဥဝကျေးရွာ ပြန်လည်တည်ဆောက်နေမှု ထက်ဝက်ကျော်ပြီးစီး
by -
ကောင်းကျော်နိုင် (BNI)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရွာလုံးကျွတ်မီးလောင်သွားသည့် ကြက်ဥဝကျေးရွာအား ပြန်လည်တည်ဆောက်နေသည်မှာ ထက်ဝက်ကျော်ခန့်ပြီးစီနေပြီဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

 

“ကျွန်တော်တို့ရွာကတော့ အိမ်ခြေ ၅၂ ဆောင်ရှိတာပါ။ အခုတော့ ၃၃ ဆောင် ဆောက်ပြီးသွားပြီ။ ကျေးလက်ဦးစီးဌာနနဲ့ (န.တ.လ) က ဆောက်ပေးတာပါ” ဟု ဒေသခံကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောသည်။

 

ယခုဆောက်လုပ်ပေးနေသည့် အိမ်များမှာ အလျား ၁၈၊ အနံ ၁၈ ပေ ရှည်လျားပြီး သွပ်မိုးသွပ်ကာ၊ ပျဉ်ခင်းအိမ်များဖြစ်ကြောင်းနှင့် နေအိမ် ၁၈ လုံးအား (န.တ.လ) က တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ပြီး ကျေးလက်ဦးစီးဌာနက နေအိမ် ၂၇ လုံးအား တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကိုမောင်မောင်က ပြောသည်။

 

ယခုဆောက်လုပ်နေသည့် နေအိမ်များကို နှစ်နှစ်အာမခံဖြင့် ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်း အဆိုနေအိမ်များကို တာဝန်ယူဆောက်လုပ်နေသည့် Royal Chin Star ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါကျေးရွာသည် ၂၀၂၀ ခုနှစ်အတွင်းက အနီးအနားကျေးရွာများတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသောကြောင့် ဒေသတည်ငြိမ်မှုမရှိသဖြင့် ရွာသားများထွက်ပြေးနေချိန် ဧပြီလ ၁၈ ရက်နေ့က ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...