အင်းတော်မြို့နယ်နှင့် မော်လူးမြို့ကြားရှိ စီပိန်းကျေးရွာအဝင် နန့်ဒရန်ချောင်းကူးတံတားကို မေ ၇ ရက်နေ့ညပိုင်းက မိုင်းခွဲခံရကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် တံတားအလယ်တွင် အပေါက်ဖြစ်သွားကာ Express ကားများနှင့် ကုန်တင်ကားများ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း သိရသည်။
“အဲလို ကားလမ်းတွေ ရထားလမ်းတွေဖြစ်တော့ ကုန်စည်စီးဆင်းတွေ ပျက်ကုန်မှာဆိုးရတယ် ကုန်ဈေးနှုန်းတွေ တက်ကုန်မှာလဲပူနေရတယ်“ ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။
မတ် ၃၁ ရက်ကလည်း မိုးညှင်းမြို့ရှောင်လမ်းရှိ နမ့်ရင်းချောင်းကူးတံတား (ရွှေဘို-မြစ်ကြီားနား ဗျူဟာလမ်းပိုင်း) မိုင်းခွဲခံခဲ့ရပြီး အောက်ခြေအင်္ဂတေတချို့ ပျက်ဆီးခဲ့ပြီး ဧပြီ ၂၇ ရက်တွင်လည်း ဟိုပင်မြို့နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တဝက်ချောင်းကူးတံတားနှင့် ရထားလမ်း မိုင်းခွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။