မြစ်ကြီးနားပညာရေးကောလိပ်အနီး ပေါက်ကွဲသံနှင့် သေနတ်သံများကြားရ

မြစ်ကြီးနားပညာရေးကောလိပ်အနီး ပေါက်ကွဲသံနှင့် သေနတ်သံများကြားရ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် မြစ်ကြီးနားပညာရေးကောလိပ်အနီးတွင် ယနေ့ (မေ ၁၀ ရက်) နံနက် ၃ နာရီခန့်က ဗုံးပေါက်ကွဲသံနှင့် သေနတ်သံများကြားခဲ့ကြောင်း ဒူကထောင်ရပ်ကွက်မှ ပြည်သူများက ပြောသည်။

 

“ဗုံးပေါက်ကွဲသံ ခြောက်ကြိမ်နဲ့သေနတ်သံ အကြိမ် ၂၀ လောက် ညကကြားရတယ်” ဟု ပညာရေး‌ကောလိပ်တည်ရှိရာ ဒူကထောင်ရပ်ကွက်နေ ပြည်သူတစ်ဦးက KNG ကို စာရေးသားပေးပို့ခဲ့သည်။

 

သို့သော်လည်း ယနေ့နံနက် အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဖျက်စီးမှုမျိုး မကြားသိရသေးဟု ဆိုသည်။

 

လက်ရှိတွင် ပညာရေးကောလိပ်တွင် ကျောင်းတက်နေသူတစ်ချို့ရှိနေပြီး စစ်သားများကလည်း လုံခြုံရေးယူပေးနေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...