လွိုင်ကော်နည်းပညာတက္ကသိုလ်တွင် ကျောင်းတက်သူသုံးဦးသာရှိ

လွိုင်ကော်နည်းပညာတက္ကသိုလ်တွင် ကျောင်းတက်သူသုံးဦးသာရှိ
by -
နော်ဒွေးအယ်ခူ (KT)

နည်းပညာတက္ကသိုလ် (လွိုင်ကော်) တွင် နောက်ဆုံးနှစ်ကျောင်းသား ၆၃ ဦးရှိသည့်အနက် သုံးဦးသာ ကျောင်းပြန်တက်လျက်ရှိကြောင်း သိရသည်။ 

 

မော်ကွန်းထိန်းကိုယ်တိုင်က ကျောင်းသားများ ကျောင်းပြန်တက်ရန်အတွက် နောက်ဆုံးနှစ် ကျောင်းသားမိဘအချို့ကို မေ ၅ ရက်တွင် အကြောင်းကြားရန် ဖိအားပေးညွှန်ကြားခဲ့ကြောင်း မြို့ပြအင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။ 

 

“ကျွန်တော်တို့ကျောင်းက လေးနှစ်တာလုံးက ဘွဲ့ယူခြင်းနဲ့ ကွင်းဆင်းတာတွေက အာဏာမသိမ်းခင် အရင်ကာလတွေက လုပ်ခဲ့ပြီးပြီဗျ။ ကျနော်တို့ဆီမွာက ဘွဲ့ပေးဖို့နဲ့ အောင်လက်မှတ်ထုတ်ပေးဖို့ အဲ့ဒါပဲကျန်တာဗျာ။ အဲ့လိုကျန်တဲ့အချိန်ကျမှ ဒီလိုဟာတွေဖြစ်သွားတော့ သူတို့က လာတက်တဲ့သူတွေကိုပဲ ဘာဖြစ်မယ် ညာဖြစ်မယ်။ တချို့ဆရာတွေက လာမတက်ဘူးဆို ကျောင်းထုတ်ခံရမယ်လို့ပြောတာ” ဟု ၎င်းကပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီက ကျောင်းများပြန်ဖွင့်မည်ဟု ကြေညာထားပြီး တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားများကို ကျောင်းပြန်တက်ရန် ဖိအားပေးလျက်ရှိကြောင်း သိရသည်။ 

 

နောက်ဆုံးနှစ်ကျောင်းသား အယောက် ၆၀ ကတော့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

"ကျနော်တို့က အရင်စနစ်တွေလိုမျိုး B.Techတွေ GTI ဘွဲ့တွေလည်း မရခဲ့ဘူး။ ကျနော်တို့ ဒီမွာသာ တစ္ခုခု ကျနော်တို့ကို ကျောင်းထုတ်ပစ်တာတို့ ရပ်နားတာတို့လုပ်မယ်ဆိုရင် ကျနော်တို့ သာမာန်ဆယ်တန်းအောင်ဘဝကို ပြန်ရောက်သွာမှာဗျ။ ကျနော်တို့ ခြောက်နှစ်လုံးလုံးတက်လာပြီးတော့မှ အခြေအနေ အင်ဂျင်နီယာဖြစ်ဖို့ လက်တစ်ကမ်း လာတက်ပါဆိုတဲ့ အချိန်မှာ ကျနော်တို့က မတက်ပဲနဲ့ လုံးဝနောက်ဆုံးအချိန်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်သွားမှာပါဗျ" ဟုဆိုသည်။ 

 

နောက်ဆုံးနှစ်ကျောင်းစာသင်နှစ်သည် ဒုတိယနှစ်ဝက်ကို မေလတွင် ပုံမှန်ကျောင်းတက်ရကြောင်း သိရသည်။ 

 

နောက်ဆုံးနှစ်ကျောင်းသားများကို သင်ကြားပေးမည့် နည်းပြဆရာ/မ များကို ယာယီရပ်ဆိုင်းထားသည့် ဆရာများ အယောက်လေးဆယ်ကျော်ရှိနေပြီး ကျန်သည့် Non- CDM က ဆယ်ယောက်ကျော်ရှိကြောင်း CDM လုပ်သည့် အမည်မဖော်လိုသူ နည်းပြဆရာမတစ်ဦးက ပြောသည်။

လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ နည်းပညာအထက်တန်းကျောင်းများတွင်လည်း ကျောင်းတက်သူနည်းပါးလျက်ရှိကြောင်း သိရသည်။ 

 

နည်းပညာတက္ကသိုလ်သည် ကယားပြည်နယ်တွင် CDM ကျောင်းအဖြစ် ပထမဆုံးသတ်မှတ်လိုက်သည့် တက္ကသိုလ်ဖြစ်ကြောင်း သိရသည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...