Published
Friday, May 07, 2021
ရဲတပ်သားတစ်ဦး CDM ပြုလုပ်၍ တိမ်းရှောင်၊ စစ်ကောင်စီ ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် CDM ပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်မှု မေ ၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရဲစခန်းမှ ထွက်ပြေးတိမ်းရှာင်သွားသည့် ရဲတပ်သားမှာ ဦးထွန်းထွန်းဦးဆိုသူဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီက မိုးကောင်းမြို့အတွင်း ပိုက်စိပ်တိုက် လိုက်လံရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် ပြည်သူများနှင့်ရပ်တည်ရန် CDM ပြုလုပ်၍ ထွက်ပြေးသည့် ရဲတပ်သား လက်ရှိချိန်ထိ သုံးဦးရှိပြီဖြစ်ကြောင်း သိရသည်။