ရှမ်းနီအမျိုးသားတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွား

ရှမ်းနီအမျိုးသားတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွား

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားတပ်မတော် SNA နှင့် စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

၎င်းတပ်နှစ်ဖွဲ့သည် ခန္တီးမြို့နှင့် မိုင် ၃ဝ အကွာရှိ ကောင်းဟိန်ကျေးရွာအနီး နမ့်မိုင်းတောင်းချောင်းတွင် မေ ၅ ရက်‌ နံနက် ၈ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက် ၈ နာရီ ၁၅ လောက်မှာ ခန္တီးနဲ့ မိုင် ၃၀ အကွာမှာရှိတဲ့ ကောင်းဟိန်ရွာနားမှာဖြစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုတိုက်ပွဲဖြစ်ပွားမှုကို SNA ကလည်း အတည်ပြုပြောကြားခဲ့ပြီး ခန္တီးမြို့နယ်အခြေစိုက် ခလရ ၅၂ နှင့် ဟုမ္မလင်းအခြေစိုက်တပ် ၂၂၂ ပူးပေါင်းတပ်နှင့် စစ်ကောင်စီမှ ငါးဦးသေဆုံးပြီး SNA မှ တစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

SNA နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီ ၁ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ခလရ ၃၀၉ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးသေပြီး ဒု-ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဧပြီ ၁၄ ရက်ကလည်း နံ့သာကျေးရွာဘက်သို့ ကားဖြင့်ဝင်ရောက်လာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း SNA အဖွဲ့မှ သွားရောက်တားဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA သည် ၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ကာ ကချင်ပြည်နယ် နယ်မြေအချို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် လှုပ်ရှားနေကြခြင်းဖြစ်ပြီး အပစ်အခတ်ရပ်ဆဲရေးတွင်ပါ၀င်ရန် အစိုးရနှင့် တပ်မတော်တို့ကို စာပို့ထားသော်လည်း လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသော တိုင်းရင်းသားလက်နတ်ကိုင်တစ်ခုဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...