ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် ဝန်ကြီးနှင့် ဒု-ဝန်ကြီးများ ထပ်မံခန့်အပ်ရာတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီး ပါဝင်လာသည်ကို တွေ့ရသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ခေါင်နော (Mrs) ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး သူမသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကာ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဆောင်းပါးများကို ပြည်တွင်း/ပြည်ပ စာမျှက်နှာများတွင် ရေးသားဖော်ပြနေသူဖြစ်သည်။
လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တွင် ကချင်အမျိုးသားလေးဦးပါဝင်နေပြီး ၎င်းတို့မှာ ဒု-သမ္မတ ဒူဝါလရှီးလ၊ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒု-ဝန်ကြီး ဂျာထွယ်ပန်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးဝန်ကြီးဌာန ဒု-ဝန်ကြီး ခေါနော် (Mrs) တို့ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တွင်မူ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင် ပါဝင်လျက်ရှိသည်။