အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချလိုက်ကြောင်း ဒေသခံများဆို

အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချလိုက်ကြောင်း ဒေသခံများဆို
by -
ခေါင်ညွယ် (KNG)

မိုးမောက်မြို့နယ် မြို့သစ်ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ (မတ် ၃) နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီ၏တပ်မှ ရဟတ်ယာဉ်တစ်စီး ပစ်ချခံလိုက်ရကြောင်း ဒေသခံများပြောသည်။

 

"ဒီမနက် ၉ နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တယ်။ စစ်တပ်ဘက်က လေယာဉ်နှစ်စီးနဲ့ လာပစ်တာကို တစ်စီးက ထိသွားတယ်လို့သိရတယ်။ မီးခိုးနဲ့ပြာကျသွားတယ်တဲ့။ လမ်းသွားတဲ့သူတွေကတောင် ဆက်သွားလို့မရဘဲ ပိတ်နေကြတယ်တဲ့။ တိုက်ပွဲက အခုထိဖြစ်နေတုန်း။ ရွာကနေ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်" ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

 

အဆိုပါရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပစ်ချလိုက်ကြောင်း ဒေသခံများပြောဆိုနေသော်လည်း ထိုပစ်ချမှုနှင့်ပတ်သက်၍ KIO ဗဟိုဌာနချုပ်ထံမှ အတည်ပြုချက်မရပေ။

 

နယ်စပ်သတင်းများတွင် ယနေ့နံနက် လေယာဉ်ပျက်ကျသည်မှာ မှန်ကန်ကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။

 

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ်ရှိ အဆိုပါ မြို့သစ်၊ ကုန်းလော ကျေးရွာတစ်လျှောက်ကို နေ့စဉ် တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သည်။

 

အာဏာသိမ်းစစ်တပ်သည် ထိုဒေသတွင် KIA ကိုတိုက်ခိုက်ရန် အင်အားအများအပြား တိုးချဲ့ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...