တက္ကသိုလ်မတက်ရောက်မည့် ကျောင်းသားအရေအတွက်စာရင်း မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကောက်ခံ

တက္ကသိုလ်မတက်ရောက်မည့် ကျောင်းသားအရေအတွက်စာရင်း မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကောက်ခံ

စစ်ကောင်စီက မိုးညှင်းတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပါက မတက်ရောက်မည့် ကျောင်းသားစာရင်း မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကောက်ခံလျက်ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်တွင် မေဂျာကိုးခုရှိပြီး လက်ရှိတွင် မေဂျာတစ်ခုကိုသာ ကောက်ခံနိုင်သေးသည်ဟု ဆိုသည်။

“မိုးညှင်းတက္ကသိုလ်မှ မေဂျာကိုးခုရှိပါတယ်။ လောလောဆယ်တော့ အင်္ဂလိတ်မေဂျာတစ်ခုတည်း ကောက်ရသေးတယ်။ မိုးညှင်းကတ္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ စာရင်းကောက်တာပါ” ဟု မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတစ်ဦးကပြောသည်။

အဆိုပါတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပါက အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ကျောင်းသူများ၊ ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများနှင့် ပထမနှစ် ကျောင်းသား/ကျောင်းသူများက ၁၀၀ ရာခိုင်နှုန်း တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် လာမည့် မေ ၅ ရက်တွင် ကျောင်းများပြန်လည်ဖွင့်လစ်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းသို့ ၎င်းတို့ဖွင့်လှစ်မည့် စစ်ကျွန်ပညာရေးအောက်တွင် ကျောင်းမတက်ကြရန်၊ ၎င်းတို့ ကျောင်းပြန်လည်ဖွင့်ခြင်းသည် ကျောင်းသားများကို စေသနာရှိ၍၊ ပညာရေးနောက် ကျမည်စိုး၍လည်းမဟုတ်ဘဲ ၎င်းတို့အာဏာတည်မြဲရေးအတွက်သာဖြစ်ကာ နိုင်ငံတကာတွင် စစ်ကောင်စီအနေဖြင့် အစိုးရယန္တရားကို ကောင်းစွာလှည်ပတ်နိုင်ကြောင်း ပြသချင်သောကြောင့် ကျောင်းများပြန်လည်ဖွင့်ချင်ရခြင်းဖြစ်သောကြောင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းကိုမတက်ဘဲ Student's CDM ကိုပြုလုပ်ကြပါရန် တိုက်တွန်းကြောင်းနှင့် ပိုမိုကောင်းမွန်သော ပညာရေးစနစ်သို့ပြောင်းလဲရန် စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ကြရန်အတွက် ဆရာ/မများသည်လည်း CDM ကိုသာ ဆက်လက်ပြုလုပ်ပေးကြပါရန် မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂက တိုက်တွန်းထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...