ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ် ဗန်းမော်-လိုင်ဇာ ကားလမ်းမကြီးပေါ်က မြို့သစ်ကျေးရွာအနီး ရဲတပ်စခန်းတွင် ယနေ့ (ဧပြီ ၂၄ ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက် ၈ နာရီခန့်ကစပြီး မြို့သစ်ကျေးရွာအရှေ့ဘက်ကုန်း ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးမျာဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။
"တိုက်ပွဲဖြစ်တာက မနက် ၈ နာရီလောက်ကနေဟုတ်တယ်။ အခုထိ ပစ်ခတ်နေကြတုန်း။ KIA ဘက်က လက်နက်ကြီးတွေနဲ့ ရဲစခန်းရှိတဲ့ဘက် ကို ပစ်ထည့်နေတယ်” ဟု ဒေသခံတစ်ဦးက နံနက် ၁၁ နာရီခန့်တွင် ပြောဆိုခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော် ခရီးသွားကားများလည်း ပိတ်မိနေကြောင်း သိရသည်။
မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော၊ စီဟက် စသည့်ကျေးရွာအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြီးခဲ့သည့်အပတ်ကလည်း တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သေးသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော်သည် လက်ရှိအချိန်တွင် မိုးမောက်နှင့် ဗန်းမော်မြို့ရှိ နေရာအသီးသီးတွင် စစ်ရှောင်နေကြပြီး၊ အကူညီများစွာလည်း လိုအပ်နေကြောင်း သိရသည်။
Published
Sunday, April 25, 2021
ဗန်းမော်-လိုင်ဇာ ကားလမ်းမကြီးပေါ် မြို့သစ်အရှေ့ဘက်ရှိ ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားနေ