နှစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာမှ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦးကို စွဲဆိုထားသော အမှုသုံးခုထဲမှ နှစ်ခုမှာ အမိန့်ချရန်သာကျန်တော့

နှစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာမှ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦးကို စွဲဆိုထားသော အမှုသုံးခုထဲမှ နှစ်ခုမှာ အမိန့်ချရန်သာကျန်တော့
by -
ထွန်းခိုင် (နိရဥ္စရာ)

နှစ်နှစ်ကျောက်ကြာ ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာမှ တရားစွဲဆိုခံထားရသော အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို အမှုသုံးမှုခွဲပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ထဲမှ အမှုနှစ်ခုမှာ တရားလိုသက်သေအားလုံးအား စစ်ဆေးပြီးစီးသည်ဖြစ်၍ အမိန့်ချဖို့တစ်ခုသာ ကျန်သေးသည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်စစ်မင်းက ဆက်ပြောသည်။

“သူတို့ကိုစွဲတာက သုံးမှုခွဲစွဲတယ်။ သုံးမှုမှာ အကြမ်းဖက်မှုတစ်မှုနဲ့ လက်နက်အရေးပေါ်စီမံမှုအက်ဥပဒေတစ်မှု အဲဒီနှစ်မှုကတော့ တရားလိုသက်သေအားလုံးစစ်ပြီးပြီ။ အမိန့်ချဖို့တစ်ခုပဲရှိတာပေါ့နော်။ နောက်အကြမ်းဖက်မှု နောက်ဆုံးစွဲတဲ့အမှုတစ်မှုကတော့ ကျွန်တော်တို့ တရားလိုပြသက်သေ စစ်ဆေးတဲ့အဆင့်ပဲရှိပါသေးတယ်” ဟု ရှေ့နေဦးအောင်စစ်မင်းက ပြောသည်။

၄င်းတို့အား စွဲဆိုထားသော အမှုများမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၂ (၁) တို့ဖြစ်သည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား၂၂ ဦးအား ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဖမ်းဆီးအမျိုးသမီးမှာ မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် တိမ်ရှောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...