စစ်ကောင်စီ၏တပ်များက ပစ်သတ်ခဲ့သော အောင်ကိုကိုဖြိုးနာရေး လူထောင်ချီ လိုက်ပါပို့ဆောင်

စစ်ကောင်စီ၏တပ်များက ပစ်သတ်ခဲ့သော အောင်ကိုကိုဖြိုးနာရေး လူထောင်ချီ လိုက်ပါပို့ဆောင်
by -
သျှမ်းသံတော်ဆင့်

ကျောက်မဲမြို့ ဧပြီ (၁၇) ရက် ညပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အသက် (၂၅) နှစ်အရွယ် အောင်ကိုကိုဖြိုးကို အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက သေနတ်ပစ်သတ်ခဲ့သည်။

 

ထို အကြမ်းဖက်စစ်ကောင်စီ သေနတ်ပစ်သတ်ခဲ့သည့် အောင်ကိုကိုဖြိုး၏နာရေးကို ဧပြီ ၁၉ ရက်က ပြုလုပ်ခဲ့ရာ ဒေသခံထောင်ချီက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အောင်ကိုကိုဖြိုး၏အလောင်းကို သွားထုတ်ချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်က လူငယ်အချင်းချင်း ဓားထိုးမှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးပြီးမှ ရုပ်အလောင်း ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...