တိုင်းရင်းသားလူမျိုးများပါဝင်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်း

တိုင်းရင်းသားလူမျိုးများပါဝင်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်း

တိုင်းရင်းသားလူမျိုးများပါဝင်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၆ ရက်နေ့ (ယနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ကြေညာလိုက်သည်။

CRPH ကထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့တွင် သမ္မတအဖြစ် ဦးဝင်းမြင့်နှင့် ဒုတိယသမ္မတအဖြစ် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါလရှီးလအား တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုလည်း ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့တွင် ပြန်လည်ထည့်သွင်းထားပြီး ယခင်ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းထားသည်ကို ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

CRPH ၏ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရတွင် ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရည်မွန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာလျန်မှုန်းဆာခေါင်၊ စီမံကိန်း ဘဏ္ဏာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဝင်းမြတ်အေးတို့ပါဝင်သည်ကို ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဆာဆာ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာတူးခေါင်၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နော်စူစဲန်နာလှလှစိုးတို့ကို တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

CRPH က ပြည်ထောင်စုဝန်ကြီးဌာန ဒုတိယဝန်ကြီးများကိုလည်း ခန့်အပ်တာဝန်အပ်နှင်းထားပြီး နိုင်ငံခြားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမိုးဇော်ဦး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဝန်ကြီးအဖြစ် ခူထဲဘူး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးနှင့် နိုင်ကောင်းရွက်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးချစ်ထွန်းနှင့် မိုင်းဝင်းထူး၊ စီမံကိန်း ဘဏ္ဏာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် မင်းဇေယျဦး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နော်ထူးဖော တို့ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာရွှေပုံ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခွန်းဘီထူး၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါ်အိသဉ္ဇာမောင် တို့ပါဝင်သည်ကို တွေ့ရသည်။

CRPH အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကိုကျင့်သုံးလျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အထက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲတာဝန်များအပ်နှင်း၍ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်းလိုက်သည်ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...