ကယားပြည်နယ် ဒီးမော့ဆိုမြို့၏ သွေးမတိတ်၊ ဆေးသပိတ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့၏ သွေးမတိတ်၊ ဆေးသပိတ်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါးလမ်းခွတွင် သွေးမတိတ်၊ ဆေးသပိတ်တစ်ခုအား ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။

ယင်းသပိတ်တွင် လူအင်အား၂၀၀ ကျော်ပါဝင်ခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ပြီး သွေးမြေကျခဲ့ရသည့်အတွက် ယခုလိုပြုလုပ်ခြင်းဖြစ်သည်ဟု သပိတ်တွင်ပါဝင်သည့် လူငယ်တစ်ဦးမှ ယခုလိုပြောကြားခဲ့ပါသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စစ်အာဏာသိမ်းကောင်စီက ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ခဲ့တာဟာ ရက်ပေါင်း ၇၀ ကျော်လာပါပြီ ရက်ပေါင်း ၇၀ မှာ ပြည်သူပေါင်း ၇၀၀ လောက်က သွေးမြေကျခဲ့ရပါတယ်။ ကျနော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွေးမြေတွေကျခဲ့ရတယ်။ သွေးမတိတ်သေးဘူးဆိုတဲ့ ကျနော်တို့ရဲ့ အဓိက တိုက်ပွဲခေါ်သံဖြစ်ပါတယ်။ သွေးအေးသွားလို့မရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွေးစွန်းနေတယ်။ သွေးမတိတ်သေးဘူး။ အဲ့ဒါကြောင့် ကျနော်တို့ သွေးမတိတ်သေးတဲ့ ဆေးသပိတ်ကို ပြုလုပ်ရတာဖြစ်ပါတယ်“

ယခုလသည် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်းလုံးရှိ မြန်မာပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုသပိတ်တွေကိုသာ ပြုလုပ်နေကြပါသည်။

သပိတ်ကို နေ့စဉ် ပုံစုံအမျိုးဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့တွင်တော့ မြို့နယ်အတော်များများ၌ သွေးမတိတ်၊ ဆေးသပိတ်ဆိုသည့်ခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်ခြင်းဖြစ်ပါသည်။

“ကျနော်တို့ ဒီလို သွေးသပိတ်လုပ်ခြင်းအားဖြင့် ကျနော်တို့ တစ်တိုင်းပြည်လုံးကိုပေးချင်တဲ့ သတင်းစကားက ဘာလဲဆိုလို့ရှိရင် ကျနော်တို့ တစ်တိုင်းပြည်လုံး သွေးစွန်းတယ်။ ကျနော်တို့ တစ်တိုင်းပြည်လုံး သွေးစွန်းတဲ့အတွက် သွေးတစ်ပိတ်ကို ဆင်နွဲရခြင်းဖြစ်တယ်။ သွေးစွန်းသွားလို့ သွေးအေးသွားလို့မဖြစ်ဘူး။ စစ်အာဏာရှင်ကျဆုံးသည်အထိ ကျနော်တို့ ဆင်နွဲရမယ်ဆိုတဲ့ သတင်းစကားကို ပါးတာဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့လူငယ်တွေက သွေးမတိတ်၊ ဆေးသပိတ်ကို ဆင်နွဲရတာဖြစ်တယ်။ အဓိကကတော့ စစ်အာဏာရှင်စနစ်ကိုလည်း ကျနော်တို့မမေ့ဘူး။ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ကျနော်တို့ မျက်ဝါးထင်ထင်မြင်ရတယ်။ ကျနော်တို့မမေ့ဘူး။ ကျနော်တို့ သွေးအေးမသွားဘူး။ သူတို့လုပ်ရပ်တွေကို ကျနော်တို့ အားလုံးမှတ်ထားတယ်။ ကျနော်တို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သတင်းစကားကို ပါးချင်တာဖြစ်ပါတယ်”

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်လာသည်မှာ ရက်ပေါင်း ၇၀ ကျော်ပြီဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီက သပိတ်များကို ပစ်ခတ်ဖြိုခွင်းမှုများရှိနေကာ သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...