တနိုင်းမြို့နယ် တိန့်ကောက်ကျေးရွာအနီး ကျိမ်နမ့်လမ်းခွ (Chyingnam lam braw) ရ၀မ်ကုန်း (Rawang Kawng) တွင် ယမန်နေ့ ဧပြီလ (၁၃) ရက်နေ့ ညနေ (၅) နာရီချိန်ခန့်က အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာတင်မော်တော်ယာဉ် (၂) စီးကို KIA မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၎င်းရိက္ခာတင်သည့် မော်တော်ယာဉ်တန်းသည် တနိုင်းမြို့ဘက်သို့ဦးတည်လာသည့် စစ်ယာဉ်တန်းဖြစ်ကြောင်း သိရသည်။
"လမ်းမှာတော့မဟုတ်ဘူး။ ခြုံပုတ်ထဲမောင်း၀င်ခိုင်းပြီးတော့ မီးရှို့လိုက်တာထင်တယ်။ မနေ့က (၆) နာရီလောက်အထိတော့ မီးလောင်နေတုန်းဟုတ်တယ်" ဟု မီးလောင်ကျွမ်းနေမှုကို တွေ့မြင်ခဲ့သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ယနေ့ ဧပြီလ (၁၄) ရက် နံနက် (၁၁) နာရီခွဲချိန်ခန့်က တိန်ကောက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။