တမူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက နွားနို့ပို့သည့်လင်မယား ၂ ဦးကိုပစ်သတ်ပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

တမူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက နွားနို့ပို့သည့်လင်မယား ၂ ဦးကိုပစ်သတ်ပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ပါဟဲတံတားအနီးတွင် ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က နွားနို့ပို့သည့် ဂေါ်ရခါးလူမျိူး လင်မယား ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပစ်သတ်ပြီး တစ်ဦးကို ကြိုးတုပ်ဖမ်းခေါ်သွားသည်ဟု တမူးဒေသခံများထံမှ သိရသည်။ 

“ပါဟဲတံတားဆိုတာရှိတယ် အဲဒီမှာ တပ်ကနေရာယူထားတာ အဲဒီဂေါ်ရခါးလင်မယားက နွားနို့ရောင်းပြီးတော့ နန်းဖာလုံဘက်ကနေပြန်ခဲ့တာ အဲဒီတံတားအနီးမှာမှာပဲ အပစ်ခံလိုက်ရတာ နှစ်ယောက်စလုံး ပွဲချင်းပြီးသေသွားတာ” ဟု တမူးဒေသခံကပြောသည်။ 

ပစ်သတ်ခံရသည့် ဂေါ်ရခါးလင်မယားသည် တမူးမြို့ မြို့မ ၂ ရက်ကွက်တွင် နေထိုင်သူများဖြစ်ကြသည်။

ပါဟဲတံတားသည် မြို့မ ၁၂/ခ တွင်တည်ရှိပြီး တမူးနှင့် နန်းဖာလုံဘက်သို့ဖြတ်ကူးသည့် တံတားဖြစ်သည်။ 

အလားတူ ယနေ့နံနက်ပိုင်းကလည်း ပါဟဲတံတားမရောက်ခင် မြသင်္ဂီလဘ္ကရည်ဆိုင်မှ ကိုလှိုင်မိုးဆိုသူကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...