တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံး မီးလောင်မှု ဝိုင်ဝန်းငြှိမ်းသတ်သူများကို စစ်ကောင်စီဖမ်းဆီးသွား

တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံး မီးလောင်မှု ဝိုင်ဝန်းငြှိမ်းသတ်သူများကို စစ်ကောင်စီဖမ်းဆီးသွား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ရာ သွားရောက်မီးငြိမ်းသက်ရာတွင် ကူညီပေးသည့်သူ လေးဦးထက်မနည်းကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

 

ဧပြီ ၄ ည ၈ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးတွင် ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်ပွားကာ ရပ်ကွက်နေပြည်သူများက မီးကူငြိမ်းသက်ပေးခဲ့သည်။

 

ညောင်ဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးငြိမ်းသွားပြီးနောက် မီးငြိမ်းကူရာတွင်ပါဝင်သည့် အရပ်သားလေးဦးထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီအုပ်စုက ရပ်ကွက်နေအိမ်ထဲသို့ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့ အမည်မဖော်လိုသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“မနေ့ညက နေအိမ်တစ်တအိမ်ထဲမှာ ၄ ယောက် ဖမ်းသွားတယ်လို့ပြောတယ်။ ဒီမနက်လည်း စစ်ကားတွေ (၇) စီးလောက် ညောင်ဖြုစခန်းရပ်ကွက်ထဲမှာ ရှိနေတယ်။ မီးသွားငြိမ်းသတ်ကူတဲ့ ဦးလေးလည်း ပျောက်နေတယ်လို့တော့ ကြားတယ်” အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

 

အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးသွားသည့် ဦးရေအတိအကျကို သိရှိနိုင်ရန်အတွက် ဆက်လက်စုံစမ်းနေဆဲဟု အထက်ပါအမျိုးသားက ပြောသည်။

 

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ရသည့်အကြောင်းရင်းကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။

 

စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းရုံးနှင့် စစ်တပ်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းရုံးတချို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုမီးလောင်သည့်အချိန်ကို ပြန်ကြည့်မည်ဆိုပါက စစ်အာဏာသိမ်းပြီးနောက် ည ၈ နာရီ အပြင်မထွက်ရဆိုသည့်အချိန်တွင်သာ မီးလောင်နေသဖြင့် ပြည်သူများလုပ်ဆောင်ခြင်းမဟုတ်ကြောင် သုံးသပ်မှုများလည်းရှိနေသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...