ကချင်တွင် အာဏာသိမ်းစစ်ကောင်စီက တပ်အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေသဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲမျာလည်းဖြစ်ပွားနေ

ကချင်တွင် အာဏာသိမ်းစစ်ကောင်စီက တပ်အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေသဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲမျာလည်းဖြစ်ပွားနေ

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီက တပ်အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေသဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲမျာလည်း ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ပြောသည်။

လက်ရှိတွင် ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲငယ်များမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “အခုအချိန်က အားလုံးကတော့ စစ်ရေးအခြေအနေက တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။ မရှိ ဘူးလို့ ပြောလို့မရဘူး။ ဒါပေမယ့် ကျနော်ကတော့ Confirm ပေးနိုင်တဲ့ အနေအထားလောက်ဖြစ်တဲ့ ဒီတိုက်ပွဲတွေကို ပြောတာပါ။ ဟိုပြောက်ကျားစစ်တွေ နောက်ပြီးတော့ ရင်ဆိုင်တိုက်ပွဲတွေ ဒီအနည်းအကျဉ်းတွေကတော့ နေရာတကာမှာ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲကြီးတွေကတော့ မရှိဘူးပေါ့။ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကြီးတွေတော့ မရှိဘူးလို့တော့ ပြောလို့ရပါတယ်” ဟုပြောသည်။

တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် တစ်ဖက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက တပ်အင်အား ဖြည့်တင်းနေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေပြီး ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သည်ဟု KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ကြားသလောက်ကတော့ ကျွန်တော်တို့ ကချင်ပြည်နယ်ဖက်မှာလည်း စစ်အင်အားတွေ တိုးထားတယ်ဆိုတဲ့ သတင်းကြားပါတယ်။ တိုးထားတာ ထပ်တိုးထားတာပေါ့။ မြစ်ကြီးနားမှာလည်း စစ်အင်အားတွေကတော့ ပြန်တိုးထားတယ်ဆိုတဲ့ သတင်းကျွန်တော်တို့ ကြားပါတယ်။ ပြီးတော့ ရှေ့တန်းစခန်းတွေမှာလည်း စစ်အင်အားတွေ ထပ်တိုးထားတယ်ဆိုတဲ့ သတင်းကြားပါတယ်။ တပ်မတော်ဖက်ကနေ လှုပ်ရှားလို့ရှိရင်တော့ တိုက်ပွဲကြီးတွေတော့ ဖြစ်လာနိုင်ပါတယ်” ဟုပြောသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် KIO/KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်းခါးကျေးရွာအနီးတွင် ဧပြီလ ၄ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီတပ်များနှင့် KIO/KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဒေသခံများ၏ပြောဆိုချက်ကို ကိုးကား၍ သတင်းရေးသားထားသည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်းခါးကျေးရွာအနီးက တိုက်ပွဲနှင့်ပတ်သက်၍ ဗိုလ်ဗှူးကြီးနော်ဘူက “ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေဖြစ်မှာပါ။ ကျွန်တော်ကတော့ မကြားမိပါဘူး။ ဟိုလိုင်းပေါ်ကသတင်းလောက်ပဲ ကြားပါတယ်။ကျွန်တော်က အဲဒါတော့ အတည်ပြု ပြောလို့မရဘူး။ ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာပေါ့နော်။ အောက်ခြေကသတင်းတွေ အတည်ပြုနိုင်တဲ့သတင်းတွေ မရသေးဘူးခင်ဗျား” ဟုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ဒေသခံ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ လကုန်ပိုင်းလောက်က KIO/KIA က ကချင်ပြည်နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလော့ဒ်ဘွမ် တပ်စခန်းကုန်းနှင့် အခြား တပ်စခန်းများကို ဆက်တိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက်သိမ်းယူပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာမှုများဖြစ်လာခဲ့ပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်မှာ ယခုအချိန်အထိဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...