ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူခံရသည့် အနုပညာရှင်များစာရင်း၌ ကချင်အနုပညာရှင် မော်ဒယ်နှင့်သရုပ်ဆောင် အိန်ဂျယ်လ်လမုန်လည်းပါဝင်ခဲ့ကြောင်း သိရသည်။
၎င်းစာရင်းကို မတ် ၃ ရက်ထုတ်ပြန်ခဲ့ဖြင်းဖြစ်ပြီး ၎င်းတို့သည် လူထုအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် သွေးထိုးခြင်းများကို လူမှုကွန်ယက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြခြင်းနှင့်ဖြန့်ဝေခြင်း စသည်များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းရုပ်သံတွင် ဖတ်ကြားကြေညာသွားခဲ့သည်။
မတ် ၃ ရက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခံရသည့် အနုပညာရှင်များစာရင်းတွင် ဖွေးဖွေး၊ သက်မွန်မြင့်၊ ညီနန္ဒ၊ အောင်မြင့်မြတ်၊ ကော်နီ၊ ဇင်အောင်၊ နိုဗန်ထူး၊ ကျားပေါက်၊ ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ ထက်အောင်ရှိုင်း၊ မြတ်သူ၊ အောင်သူလွင်၊ စည်သူ၀င်း၊ နန်းမြတ်စော၊ မေဦးမောင်၊ ကျော်ရဲထွန်း၊ နှင်းသွေးယုမောင်၊ မယ်ရီနှင့် အိန်ဂျယ်လမုန်တို့ ပါဝင်ခဲ့သည်။
Published
Monday, April 05, 2021
ကချင်အနုပညာရှင် အိန်ဂျယ်လ်လမုန် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူခံရ