ရှမ်းမြောက်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထောင်ကျော်ရှိပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်နေ 

ရှမ်းမြောက်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထောင်ကျော်ရှိပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်နေ 
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ထောင်ကျော်ရှိပြီး၊ စားနပ်ရိက္ခာအခက်ခဲဖြစ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးသူများထံမှ စုံစမ်းသိရှိရသည်။

 

“နမ္မတူမြို့နယ် အတွင်းမှာ ဒီလေးရက်၊ ငါးရက်အတွင်း ပြေးလာကြတဲ့ စစ်ရှောင်တွေက ခုလောလောဆယ် စားနပ်ရိက္ခာတွေ အရမ်းလိုအပ်နေတယ်။ ရွာမှာရှိတဲ့စခန်းတွေက စားဖို့သောက်ဖို့ ပိုလိုအပ်တယ်။ မြို့ထဲကစခန်းက အစားအသောက်တွေ ရှိနေသေးတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် လုံးစိုင်းဘဉာဏ်ကပြောသည်။

 

ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ လက်ရှိအချိန် နမတူမြို့နယ်အတွင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်ကော်မတီအဖွဲ့ဝင်တဦးကပြောသည်။

 

“စားဖို့ ဆန်၊ ဆီ၊ ဆားတွေကစ အရမ်းလိုအပ်နေတယ်။ ဒီကာလက ကူညီဖို့ တော်တော်ခက်တယ်။ ဖုန်းတခုပဲ ဆက်သွယ်ရတော့ အခက်ကြုံတယ်။ အလှူရှင်တွေကလည်း မရှိဘူး။ ကျေးရွာပြည်သူတွေ တပိုင်တနိုင်ပဲ ကူညီနေရတယ်” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

 

စစ်ရှောင်အများစုသည် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များဖြစ်နေကြောင်းလည်း သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် ၂၈ တွင် နမတူမြို့နယ် ပန်လုံကျေးရွာအနီးရှိ လက်နက်ကြီး ကျသဖြင့် နေအိမ်ငါးလုံး မီးလောင် ပျက်စီးခဲ့သည်။

 

ထို့ပြင် ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲများကြောင့် အရပ်သား ကျည်ထိမှန်သေဆုံးမှု ငါးဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...