ဝိုင်းမော်မြို့လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး "အဝတ်စုတ်ဖြဲခြင်းသပိတ်" လှုပ်ရှားမှုတစ်ခု ယနေ့ (ဧပြီလ ၃ ရက်) ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ကျဆုံးခဲ့ရသည့် ပြည်သူများအတွက် ကြေကွဲဝမ်းနည်းငိုကြွေးနေခြင်းကို ကမ္ဘာမှ ပိုမိုသိရှိအောင် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝိုင်းမော်လူငယ်တစ်ဦးက ပြောသည်။
"ဟစ်တလာက လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တဲ့ ဂျူးလူမျိုးတွေရဲ့ အစဉ်အလာတစ်ခုပေါ့။ ဂျူးလူမျိုးတွေဟာ သူတို့တန်ဖိုးထားတဲ့သူတွေ ဆုံးရှုံးတဲ့အခါ သူတို့ချစ်တဲ့သူတွေဆုံးရှုံးတဲ့အခါ သူတို့ပိုင်ဆိုင်တာတွေဆုံးရှုံးတဲ့အခါမွာ ကြေကွဲဝမ်းနည်းမူတွေနဲ့ နာကျင်မူတွေနဲ့ ငိုကြွေးခြင်းအနေနဲ့ အဝတ်ကိုစုတ်ဖြဲကြတယ်။ ဒီလိုပဲ ကျွန်တော်တို့ချစ်ရတဲ့ပြည်သူတွေ လူငယ်တွေ ကလေးတွေ စစ်တပ်ကြောင့် ဆုံးရှုံးရတာတွေများပြီ ဒါကြောင့် ကျွန်ေတာ်တို့နှလုံးသားတွေ ကြေကွဲနေရပါတယ်ဆိုတာကို ကမ္ဘာက ပိုမိုမြင်သာစေချင်လို့ လုပ်ဖြစ်တာပါ" ဟု ပြောသည်။
ဝိုင်းမော်မြို့ လူငယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပုံစံအမျိုးမျိုးဖြင့် နေ့စဉ်ဆန္ဒထုတ်ဖော်လျက်ရှိသည်။
Published
Monday, April 05, 2021
ဝိုင်းမော်မြို့နယ်တွင် အ၀တ်စုတ်ဖြဲခြင်းသပိတ်ပြုလုပ်