လီဆူတိုင်းရင်းသားအနုပညာရှင် ကိုဖော်တီဖာ၏ တရားရုံးချိန်း ထပ်မံရွှေ့ဆိုင်း

လီဆူတိုင်းရင်းသားအနုပညာရှင် ကိုဖော်တီဖာ၏ တရားရုံးချိန်း ထပ်မံရွှေ့ဆိုင်း
by -
ခေါင်ညွယ် (KNG)

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် လီဆူတိုင်းရင်းသား အနုပညာရှင် ကိုဖော်တီဖာ၏ ဒုတိယရုံးချိန်းကို ဧပြီ ၉ ရက်သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသူတစ်ဦးထံမှ သိရသည်။

“အမှန်က မနေ့ (မတ် ၁ ရက်) က ဒုတိယရုံးချိန်းဟုတ်တယ်။ ဒါပေမယ့် ဘယ်လိုကြောင့်လဲတော့ မသိဘူး။ ရုံးချိန်းရက်ကို ဧပြီ ၉ ရက် ပြန်ရွှေ့လိုက်တယ်”ဟု ၎င်းကပြောသည်။

လီဆူအနုပညာရှင် ကိုယောတီဖာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ည ရမ်ပူနယ်မြေ (၂၄) ၎င်း၏နေအိမ်မှ ည ၁၂ နာရီ အချိန်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက်ရက် ဆက်သွယ်မေးမြန်းရာတွင် မျက်မြင်သက်သေတွေ့ရှိသူတစ်ဦးမှ ပြောကြားချက်အရ စစ်သားဝတ်စုံဝတ်ဆင်ထားသူ တစ်ဦးနှင့် အရပ်ဝတ်ဝတ်ဆင်ထားသူအချို့မ လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် ကိုယော်တီဖာအား တရားစွဲဆိုထားသည့် တရားလိုသည် မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်ပြီး မည်သူမည်ဝါတိတိကျကျ မသိရပေ။

ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင်ကိုယော်တီဖာအား မတ် ၂၂ ရက်တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီးဖြစ်သည်။

ဖမ်းဆိီီးခံထားရသည့် ကိုယော်တီဖာသည် ပြီးခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမဲဆွယ် စည်းရုံးရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

တပ်မတော်အကြည်ညိုပျက်စေမူ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) သည် အာမခံပေးလေ့မရှိဘဲ အချုပ်ဖြင့် အမူရင်ဆိုင်ရသည့် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...