ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ် ၂၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကို သတင်းရယူနေစဉ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံရသော သတင်းထောက်နှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် မတ် ၁ ရက် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် The 74 Media မှ မချန်ဘူနှင့် Kachin Waves မှ ကိုလရော်တို့နှစ်ဦးကို လက်ရှိတွင် မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရက်ပိုင်းအတွင်း မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့မည်ဟု သိရသည်။
"အခုက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်ပြီလို့သိရတယ်။ ရုံးချိန်းတွေက ဘာမှမသိရသေးဘူး" ဟု The 74 Media မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည် ပုံမှန်အားဖြင့် အာမခံမရနိုင်သောပုဒ်မဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ ဆန္ဒဖော်ထုတ်မှုများကို သတင်းရယူနေသော သတင်းထောက်များကို အာဏာသိမ်းစစ်တပ်ဘက် ယခင်ကလည်း ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ညှိနှိုင်းမှုဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
Published
Friday, April 02, 2021
မြစ်ကြီးနားတွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံရသော သတင်းထောက်နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ