ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများကို CDM တွင်မပါဝင်ကြောင်း ခံဝန်ကတိများထိုးပြီးမှ ဝန်ထမ်းလစာထုတ်ပေးမည်ဖြစ်ဟု မြို့နယ်ပညာရေးမှုးနှင့် ကျောင်းအုပ်တစ်စုက ဖိအားပေးခြိမ်းခြောက်နေကြောင်း သိရသည်။
မတူပီမြို့ခံတစ်ဦးက “CDM မှာမပါဝင်ကြောင်း လက်မှတ်ထိုးပြီးမှပဲ လစာထုတ်ရမယ်ဆိုပြီးလုပ်တယ်၊ တချို့က လစာမထုတ်ရမှာကို ကြောက်ကြတယ်၊ တချို့က သွားထုတ်တဲ့အချိန်မှာ အဲ့လိုမျိုး အဆင်မပြေရင်လည်း မထုတ်ဘူးဆိုပြီးတော့ ပြန််သွားတဲ့သူတွေရှိကြတယ်” ဟုပြောသည်။
မတူပီမြို့နယ်တွင် CDM ဝင်ထားသည့် အစိုးရဝန်ထမ်းစုစုပေါင်း ၁၂၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် မွန်းမွံသင်တန်း တက်ရောက်ရန်ပြန်ခေါ်သောကြောင့် အထက်တန်းပြကျောင်းအုပ်၊ အလယ်တန်းပြေကျာင်းအုပ်၊ မှုလတန်းပြေကျာင်းအုပ်အပါအဝင် ပညာရေးဝန်ထမ်း ၁၀၀ ကျော်ခန့်တို့မှာ အထက်အရာရှိများ၏ ဖိအားပေးခြင်းကို ကြောက်လန့်ခြင်းကြောင့် မွန်းမံသင်တန်းmပြန်တက်ရောက်နေကြကြောင်း သိရသည်။
မတူပီမြို့တွင် Civil Disobedience Movement (CDM) ပြုလုပ်ထားသော ဝန်ထမ်းများကို ဖုန်းဖြင့်ဆက်သွယ်ခြိမ်းခြောက်ပြီး ရဲဖမ်းခိုင်းမည် အလုပ်ထုတ်မည် စသည့်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်သည်ဟုလည်း သိရသည်။
Published
Friday, April 02, 2021
CDM တွင်မပါဝင်ကြောင်း ခံဝန်ကတိထိုးမှ လစာထုတ်ပေးမည်ဟု မတူပီမြို့နယ် ပညာရေးဝန်ထမ်းများ ခြိမ်းခြေက်ခံရ