အာဏာသိမ်းစစ်ကောင်စီ၏အကြံပေး ဒေါက်တာငွန်ကျူံးလျန်အပါအဝင် အဖွဲ့ဝင် ဦးမောင်းဟာ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးငွန်ဆန်းအောင်နှင့် အဖွဲ့ဝင် ဦးကျော်ငြိမ်းတို့ကို ချင်းပြည်သူ့သစ္စာဖောက် မဟာရန်သူအဖြစ် သတ်မှတ်လိုက်ပြီဟု ချင်းလူငယ်များက မတ်လ ၃၁ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။
၎င်းလေးဦးသည် အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သည့် ရာထူးနေရာရယူထားသည့်အတွက် ပြည်တွင်း/ပြည်ပနေထိုင်ြကသော ချင်းလူငယ်များမှ ချင်းပြည်သူ့သစ္စာဖောက် မဟာရန်သူအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ထိုအာဏာရူးလက်ပါးစေ ပြည်သူ့သစ္စာဖောက်များအား မိမိတို့ ချင်းလူငယ်များမှ ရာသက်ပန် ပစ်ပယ် ကန့်ကွက် ဆန့်ကျင်သွားမည်ဖြစ်ပြီး ချင်းအသိုင်းအဝိုင်းများမှလည်း အဆိုပါမဟာရန်သူများအား အပြစ်ပေးရှောင်ကြဉ်ကြရန် တိုက်တွန်းထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါက်တာငွန်ကျူံးလျန်သည် နိင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးမှာ ပါဝင်သူဖြစ်ပြီး၊ ယခင်က ချင်းအမျိူးသားတပ်ဦး CNF မှာ ဗဟိုတရားသူကြီး တာဝန်ယူထားသလို သမ္မတဟောင်းသိန်းစိန်အစိုးရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ဦးမောင်ဟာသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေသူတစ်ဦးဖြစ်ပြီး ချင်းနယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်းရဲ့ သားဖြစ်သည်။
အလားတူ ဦးငွန်ဆန်းအောင်သည် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးရေးကောင်စီဥက္ကဌ တာဝန်ယူထားသူဖြစ်ပြီး ဦးကျော်ငြိမ်းသည်လည်း ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ဦးငွန်ဆန်းအောင်သည် ဦးသိန်းစိန်အစိုးရလက်ထက် ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ဦးကျော်ငြိမ်းသည်လည်း ဦးသိန်းစိန်အစိုးရလက်ထက်က ချင်းပြည်နယ် သစ်တောသတ္တုဝန်ကြီး တာဝန်ယူထားခဲ့သူဖြစ်သည်။
Published
Thursday, April 01, 2021
အာဏာသိမ်းစစ်ကောင်စီတွင်ပါဝင်သော ချင်းလူမျိူးလေးဦးကို သစ္စာဖောက် မဟာရန်သူအဖြစ် ချင်းလူငယ်များ ကြေညာ