စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံနှစ်ရာကျော် စစ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံနှစ်ရာကျော် စစ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကျေးရွာအချို့ကို အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူနှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

လုံးခင်းကျေးရွာအုပ်စု ကထန်ရွာနှင့် တောမှော်ရွာအကြားရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ရင်းအား KIO/KIA က မတ် ၂၈ ရက် နံနက် ၂ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်သည့်နောက် တိုက်ပွဲအပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ်နှစ်စီးမှ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားရာအနီးမှ ပြည်သူများ နီးစပ်ရာ နီးစပ်ရာဆွေမျိုးများအိမ်၊ ကုဋေကျေးရွာ နှစ်ခြင်းအသင်းတော် အဆောက်အအုံများ၊ ဖဝါဘုန်းကြီးကျေးများတွင် လာရောက်ခိုလှုံနေရကြောင်း ဒေသခံများကပြောသည်။

 

လက်ရှိထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံများသည် စွတ်အောင်၊ ဖဝါ၊ တောမှော်၊ ကထန်ရွာနှင့် တောက်ပကြယ်ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံဟောင်းနေရာတွင် နေထိုင်ကြသည့် ပြည်သူနှစ်ရာကျော်ခန့်ဖြစ်သည်။

 

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဖားကန့်မြို့ CDM ပြုလုပ်သည့် ဆရာဝန်များမှ ကျန်းမာရေးကူညီစောက်ရှောက်ပေးနေကြောင်း သ်ရသည်။

 

ဖားကန့်မြို့တွင် မတ် ၂၇ ရက်စစ်ကောင်စီ၏ ပစ်ခတ်မူကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရသည့်အပြင် ညပိုင်းတွင်လည်း ယင်းရပ်ကွက်တွင် သေနတ်များပစ်ဖောက်ကာ လာရောက်ခြိမ်းခြောကါသည့် အနေထားများလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

 

ထို့နောက် မတ် ၂၈ ရက် နံနက် ၃ နာရီခန့်တွင် ဖဝါရဲတပ်ရင်းအား KIA မှလာရောက်တိုက်ခိုက်ဖျက်စီးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...