အာဏာသိမ်းစစ်ကောင်စီ၏ စွမ်းရည်မြင့် မွမ်းမံသင်တန်းသို့ မတက်ရောက်ရန် ဒီမော့ဆိုဒေသခံများ ဆန္ဒပြ

အာဏာသိမ်းစစ်ကောင်စီ၏ စွမ်းရည်မြင့် မွမ်းမံသင်တန်းသို့ မတက်ရောက်ရန် ဒီမော့ဆိုဒေသခံများ ဆန္ဒပြ
by -
နော်ဒွေးအယ်ခူ (KT)

အာဏာသိမ်းစစ်ကောင်စီ၏ စွမ်းရည်မြင့် မွမ်းမံသင်တန်းသို့ မတက်ရောက်ကြရန် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဆန္ဒပြကန့်ကွက်မှု မတ် ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မွမ်းမံသင်တန်းကို ဒီးမော့ဆိုမြို့နယ်၊ အ.ထ.က ဒေါတမငယ်ကျောင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်သူ၊ ကျောင်းသားမိဘများက  အဆိုပါကောင်းရှေ့တွင် ဝိုင်းဝန်းကန့်ကွက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ သင်တန်းပို့ချမည့်ကျောင်းအုပ်ကြီးကိုလည်းမတက်ရောက်ရန် ကယားပြည်နယ်လုံးဆိုင် ရာ အခြေခံပညာဆရာများ သမဂ္ဂ ကထုတ်ပြန်ထားသည်။

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများအားသင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မတ် ၁၂ ရက်က ထုတ်ပြန်ထားသည်။

 

စစ်အစိုးရ အမိန့်နာခံပြီး သင်တန်းတက်မည်ဆိုလျှင် ကယားပြည်နယ်တွင်းရှိ CDMပြုလုပ်သော ဆရာ၊ဆရာမ များနှင့် ပြည်သူ၊ ကျောင်းသားမိဘများမှ ပြင်းထန်စွာ Social punishmentပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

“အဲ့ဒီသင်တန်းတို့ ဘာတို့ ဘာတစ်ခုမှ လက်မခံချင်ဘူး။ ဒီကျောင်းက ပြည်သူကျောင်းပဲ။ ကျမတို့ ပြည်သူကကန့်ကွက်နေတယ်” ဟု ကန့်ကွက်ရာတွင် ပါဝင်ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

 

အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်ကြီးများ စွမ်းရည်မြင့်မားရေးသင်တန်းကို ၁၇-၃-၂၀၂၁ မှ ၁၉-၃-၂၀၂၁ ထိနှင့်အခြေခံပညာ မူလတန်းကျောင်းအုပ်ကြီးများကို ၂၀၂၁ ခုနှစ် မတ် ၂၂ ရက်မှ မတ် ၂၄ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကျောင်းသားမိဘတစ်ဦးကလည်း “လက်မခံဘူး။ အဲ့တာလုံးဝမလက်ခံဘူး။ ကျောင်းတွေ၊ ဘာတွေ တက်လည်း မလက်ခံဘူး။ ဘာလို့လဲဆိုတော့ စစ်အာဏာကျရှုံးရေးအတွက်ပေါ့။ အဲ့တာပဲလိုချင်တာ။ စစ်အာဏာရှင်ကျရှုံးရေးပဲ လိုချင်တယ်” ဟု ပြောသည်။

 

ဒီးမောဆိုမြို့တွင် စာသင်ကျောင်းပေါင်း ၁၃၁ ကျောင်းရှိပြီး CDM ကျောင်းအဖြစ် ကြေညာထားသည့် ကျောင်း ၁၁၆ ကျောင်းရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...