ကချင်ပြည်နယ်၀န်ကြီးချုပ်အား သဘာ၀ဘေး/စီ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်

ကချင်ပြည်နယ်၀န်ကြီးချုပ်အား သဘာ၀ဘေး/စီ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်
by -
မွန်းမွန်းပန် (MNJ)

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့် ယနေ့ (မတ် ၁၇ ရက်) နံနက် (၁၁) နာရီခန့်က မြစ်ကြီးနား မြို့နယ်တရားရုံးတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။ 

 

ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို တရားလိုရဲအုပ်ကျော်ဇေယျက အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးသက်ထွန်းဦးကပြောသည်။ 

 

“အမှုတွဲအရ ဝန်ကြီးချုပ်ကို ရဲကဖမ်းတာက မတ် ၃ ရက် ညနေပိုင်း လေးနာရီဝန်းကျင်ခန့်ကလို့ ရဲရဲ့ထွက်ချက်ပုံစံအရ သိရတယ်” ဟု ဦးသက်ထွန်းဦးကပြောသည်။ 

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး မည်သည့်ရက်တွင် ပြန်လည်ရုံးထုတ်စစ်ဆေးမည်ကို မသိရသေးကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...