ကလေးမြို့ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူ ငါးဦးကို ကလေးထောင်တွင် ထိန်းသိမ်း

ကလေးမြို့ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူ ငါးဦးကို ကလေးထောင်တွင် ထိန်းသိမ်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ငါးဦးရှိပြီး ၎င်းတို့အနက် လေးဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ တစ်ဦးကို သဘာဝဘေးစီမံဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြောသည်။

 

အဆိုပါဖမ်းဆီးခံရသူများကို ကလေးမြို့အင်ဒိုင်းကြီးထောင်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့လွတ်မြောက် ရေးအတွက် တရားလွှတ်တော်ရှေ့နေများနှင့် အမှုလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါ်ရှားမီးက သူ၏ Facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်။

 

“ကျွန်မတို့ ကလေးမြို့နယ်အတွင်း ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးခံရတာ ငါးဦး၊ ပုဒ်မ ၅၀၅ (က)က လေးဦး၊ ၂၀၁၃ သဘာဝဘေးစီမံဥပဒေ ပုဒ်မ ၂၅/၃၀ (က) နဲ့ တရားစွဲဆိုထောင်ချခံရသူတွကို စေတနာအပြည့်အဝထား ကူညီစောင့်ရှောက်ပေးသူရှေ့နေတွေနဲ့ ငွေအား၊ လူအား ကူညီကြသူများအားလုံးကို ဖမ်းဆီးထိန်းသိမ်းခံရသူ မိသားစုများ၏ ကိုယ်စားကျေးဇူးအထူးတင်ရှိကြောင်းလေးလေး နက်နက် ဖော်ပြအပ်ပါတယ်”  ဟု ဒေါ်ရှားမီးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် ကလေးမြို့တွင် အဖမ်းခံရသူများမှာ ဦးကျော်ကျော်မိုး (၄၇ နှစ်)၊ ဦးလာလ်ရမ်းမောယာ (၃၄ နှစ်)၊ ဦးစိုးဝင်း (၅ဝ နှစ်)၊ မောင်ဗန်လျန်ကျဲ (၂၆ နှစ်) နှင့် မဆုန်းချင်တီလ် (၂၅ နှစ်) တို့ဖြစ်ကြသည်။

 

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည် အာမခံပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အရပ်သားအစိုးရထံ အာဏာသိမ်းယူပြီးနောက် မြန်မာတနိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ကြသော ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၈၀ ကျော်နှင့် ဖမ်းဆီးခံခဲ့ရသူ ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...