အကြမ်းဖတ်နှိမ်နင်းမှု နှစ်ကြိမ်ပြုလုပ်ခံရပြီးနောက် မိုးညှင်းမြို့နယ်တွင် လမ်းလလျှောက်ဆန္ဒပြမှု နည်းပါသွား

အကြမ်းဖတ်နှိမ်နင်းမှု နှစ်ကြိမ်ပြုလုပ်ခံရပြီးနောက် မိုးညှင်းမြို့နယ်တွင် လမ်းလလျှောက်ဆန္ဒပြမှု နည်းပါသွား

အကြမ်းဖတ်နှိမ်နင်းမှု နှစ်ကြိမ်ပြုလုပ်ခံရပြီးနောက် မိုးညှင်းမြို့နယ်တွင် လမ်းလလျှောက်ဆန္ဒပြမှု နည်းပါသွားကြောင်း သိရသည်။

“ကျွန်တော်ထင်တယ်။ မိုးညှင်းမှာ တပ်ကနည်းနည်းကြမ်းပြလိုက်တယ် လူထုနည်းနည်းတော့ကြောက်သွားတယ်ထင်တယ်။ ပြီးတော့ကျည်အစစ်နဲ့လဲ ပစ်တာကိုး” ဟု မိုးညှင်းဒေသခံတစ်ဦးကပြောသည်။

ရဲနှင့် စစ်တပ်က မိုးညှင်းသပိတ်စစ်ကြောင်းများကို အကြမ်းဖြိုခွင်းမှုများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပြီး လက်ရှိတွင် မိုးညှင်းလူငယ်များအနေဖြင့် ကိုယ်ပြောက်သပိတ်ပြုလုပ်ခြင်းနှင့် ဆိုင်ကယ်များဖြင့် ဆန္ဒပြမှုများသာရှိတော့ကြောင်း သိရသည်။

ယင်းသို့လမ်းလျှောက်ဆန္ဒပြမှုများနည်းပါးသွားသော်လည်း စစ်တပ်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်များပိုလစ်လျူရှု့ကာ စစ်အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း  စစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသူများအတွက် ရည်စူးပြီး မိုးညှင်းမြို့ရှိ လူငယ်များက ဆွမ်းကပ်လှူမှုပြုခဲ့ကြကြောင်းသိရသည်။

“အဓိကကတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားကြတဲ့ ကျွန်တော်တို့ သူရဲကောင်းတွေကိုရည်စူးပြီး လုပ်ခဲ့ကြတာပေါ့“ အဆိုပါ ပွဲတွင်ပါ၀င်သူတစ်ဦးကပြောသည်။

မိုးညှင်းမြို့တွင်လည်း ပစ်ခတ်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံထားရသူများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ပြည်သူလူထုများမှ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများဆက်တိုက်ရှိလာခဲ့ပြီး အဆိုပါဆန္ဒပြမှုများကို ဖြိုခွင်းမှုကြောင့် ယနေ့အချိန်ထိ  သေဆုံးသူ တစ်ရာကျော်ရှိနေပြီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...