ဖားကန့်သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိ

ဖားကန့်သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မတ် ၁၄ ရက်က စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ် မရှီကထောင်ရပ်ကွက်၊ ဆိပ်မူရပ်ကွက် စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများမှ ရာဘာကျည်၊ကျည်အစစ်များအသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆိုင်းတောင်ကျေးရွာအုပ်စုနေ အသက် ၃၀ အရွယ် ကျော်လင်းထိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နည်းတူ လုံးခင်းသပိတ်စစ်ကြောင်း၊ မှော်ဝမ်းသပိတ်စစ်ကြောင်းများလည်း ဖြိုခွဲခံရကြောင်း ဒေသခံများကပြောသည်။

အလားတူ မတ် ၁၃ ရက် ၁၂ နာရီခန့်ကလည်း အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်သားများက ဖြိုခွဲခဲ့ပြီး ဆန္ဒပြတွင် ပါဝင်သည့် သုံးဦးဖမ်းဆီးခံထားရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် သုံးဦးမှာ မမုံကျေးရွာမှ တစ်ဦး၊ ဖားပြင်ကျေးရွာမှ တစ်ဦးနှင့် ရှရော်ခကျေးရွာမှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဖမ်းဆီးခံလူငယ် သုံးဦးသည် ဖားကန့်မြို့နယ်တွင် ပထမဆုံး ဖမ်းဆီးခံသူများဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...