တရားစွဲခံရသည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် နှစ်ဦးနှင့် အစိုးရစက်မှုသိပ္ပံကျောင်းအုပ်ကြီးကို မတ် ၂၄ရက် ရုံထုတ်စစ်ဆေးမည်

တရားစွဲခံရသည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် နှစ်ဦးနှင့် အစိုးရစက်မှုသိပ္ပံကျောင်းအုပ်ကြီးကို မတ် ၂၄ရက် ရုံထုတ်စစ်ဆေးမည်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီးတို့ကို မတ် ၁၀ရက်တွင် အာဏာသိမ်းစစ်ကောင်စီက တရားစွဲလိုက်ကြောင်း သိရသည်။

 

 နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်ကို ပုဒ်မ ၅၀၅နှင့် ပုဒ်မ ၁၀၉ ဖြင့်တရားစွဲပြီး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြင့်အေးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ် ဆရာကြီး ဒေါက်တာဇော်လင်းထွန်းကို ပုဒ်မ ၅၀၅ ဖြင့်တရားစွဲထားကြောင်းသိရသည်။

 

 လက်ရှိတွင် ၎င်းတို့ကို လွိုင်ကော်အကျဉ်းထောင်မှာထားရှိပြီး မတ် ၂၄ရက်ကို ရုံးထုတ်မည်ဖြစ်ကြောင်း သိရ သည်။

 

 ၎င်းတို့သည် မတ်လ ၁၀ရက်နေ့တွင် ပြည်နယ်ရုံးက ပုံမှန်အစည်းအဝေးတက်ရောက်ပြီး အစည်းအဝေးအပြီး ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

 နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်ကလည်း အခုလို ဖမ်းဆီးသွားခြင်းကို ရှုတ်ချကြောင်း မတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

 နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အမည်မဖော်လိုသည့် ဆရာတစ်ဦးက“ကျွန် တော်တို့ ဆရာ၊ ဆရာမအဖွဲ့ချုပ်အနေနဲ့ ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမ အကြီးအကဲတွေကို ဖမ်းဆီးသလိုမျိုး ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတာမျိုးကျွန်တေ် လုံးဝလက်ခံနိုင်စရာမရှိဘူး။ သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်”ဟု ပြော သည်။

 

 လွိုင်ကော်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ် တို့သည် အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သောတက္ကသိုလ် အဖြစ်ကြေညာထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...