မော်လမြိုင်ပေါ်တွင် လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို ရဲနှင့်စစ်သာများက တားဆီးစစ်ဆေး

မော်လမြိုင်ပေါ်တွင် လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို ရဲနှင့်စစ်သာများက တားဆီးစစ်ဆေး
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင်မြို့ပေါ်တွင် ယနေ့ (မတ် ၁၁ ရက်) နံနက် ၉ နာရီအချိန်ခန့်က ရဲနှင့် စစ်သားလုံခြုံရေးတပ်ဖွဲ့ဝင်တို့ လမ်းသွားလမ်းလာ မော်တော်ကားနှင့် ဆိုင်ကယ်များကို တားဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းမီးပွိုင့်၊ မြို့ရှောင်လမ်းမကြီး၊ ဈေးကြိုအဝိုင်းအနီးတဝိုက်၊ ဈေးကြို ဖိုးလပြည့်ဆီဆိုင်၊ အထက်လမ်းမကြီး မွန်ပြည်နယ်လွှတ်တော်အနီးတို့တွင် တားဆီး၍ စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဆိုသည်။

ကားစစ်ဆေးခံရသူတစ်ဦးက “မြို့လယ်ပန်းခြံရှေ့မှာ ဆိုင်ကယ်ရော ကားရော စစ်တယ်၊ ကျနော့်ကားကိုတားပြီး ရပ်ခိုင်းပြီးတော့ ကားအဖုံးတွေ ကားအံဆွဲတွေ ဖွင့်ခိုင်းတယ် ကားထဲမှာရှိတာအားလုံး လှန်ပြီးတော့ စစ်တယ်၊ ပြီးတော့ ဖုန်းကိုလဲ ဖွင့်ခိုင်းတယ်” ဟု ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သထုံမြို့တွင်လည်း လမ်းသွားလမ်းလာများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့များတွင်လည်း မြို့အဝင်/အထွက် ဂိတ်များ၌ ရဲနှင့် စစ်သားများက ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အချို့နယ်မြို့များတွင်လည်း လမ်းသွားလမ်းလာများကို တားဆီး၍ ဖုန်းများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

လူဦးရေးသိန်းသန်းနှင့်ချီသော ပြည်လုံးကျွတ် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက် မြို့အဝင်/အထွက်ဂိတ်များ၌ စစ်သားနှင့်ရဲများ အင်အားတိုးချထားပြီး ခရီးသွားများအား စစ်ဆေးမှုများလုပ်ဆောင်လာကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...