ချင်းပြည်နယ် ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင်တည်ရှိသည့် Chin Center for Peace and Reconciliation (CCPR) ရုံးခန်းကို အင်အား ၃၀ ကျော်ခန့်ရှိသည့် စစ်သားများက ယနေ့နံနက်ပိုင်း ၉ နာရီခန့်က ၀င်ရောက်စီးနင်းပြီး နေ့လယ်အထိ ပြန်လည်ထွက်ခွါခြင်းမရှိသေးကြောင်း ဟားခါးမြို့ရှိ CCPR နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“မနေ့က CCPR ကတစ်ယောက်၊ ကားဆရာနဲ့ ဟားခါးမှာ CDM လုပ်တဲ့ ရဲတပ်သား ၅ ဦးကို ထန်တလန်မရောက်ခင်လေး ဂိတ်မှာဖမ်းတယ်၊ အဲဒါ သူတို့က CDM လုပ်တဲ့လူကို လိုက်ကူညီနေတယ်ဆိုတဲ့သဘောမျိူးနဲ့ CCPR ရုံးကို ရှာနေတာဖြစ်မှာ" ဟု ၎င်းကပြောသည်။
အဆိုပါ အဖမ်းခံရသည့် CDM ၀င်ရဲတပ်သား ၅ ဦးနှင့် CCPR ကတစ်ယောက်နှင့် ကားဆရာကို ထန်လတန်မြို့အချုပ်တွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။
CCPR အဖွဲ့သည် ချင်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးကိစ္စရပ်များဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။