အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဒီးမော့ဆိုအမျိုးသမီးထု သပိတ်စစ်ကြောင်းပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဒီးမော့ဆိုအမျိုးသမီးထု သပိတ်စစ်ကြောင်းပြုလုပ်
by -
နော်ဒွေးအယ်ခူ (KT)

မတ် ၈ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဒီးမောဆိုမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးထုက သပိတ်စစ်ကြောင်းတစ်ခု ပြုလုပ်ခဲ့ပြီး လူအင်အားထောင်ချီ ပါဝင်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် သပိတ်စစ်ကြောင်းကို အမျိုးသမီးများဦးဆောင်ခဲ့ပြီး အာဏာရှင်တော်လှန်မှုတွင် အမျိုးသမီးများ ရေငုံနှုတ်ပိတ်မနေကြောင်း ပြသလိုသည့်ရည်ရွယ်ချက်ဖြင့် သပိတ်စစ်ကြောင်းထွက်ခြင်းဖြစ်ကြောင်း သပိတ်စစ်ကြောင်းကို ဦးဆောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တယ်ပေါ့နော်။ ကျွန်မတို့ အမျိုးသမီး အင်အားစုကနေပြီးတော့ ဦးဆောင်ပြီးတော့ သပိတ်စစ်ကြောင်း ထွက်တယ်ပေါ့နော။ အဓိက ကျမတို့ရည်ရွယ်ချက်ကလည်း ကျွန်မတို့ အမျိုးသမီးတွေဆိုလို့ရှိရင် ဘယ်တော်လှန်မှုမှန်သမျှ ရေငုံနှုတ်ပိတ်ပြီးနေတာမဟုတ်ဘဲ အာဏာရှင်မှန်သမျှ ကျွန်မတို့ ဆန့်ကျင်ရမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်ပေါ့” ၎င်းကပြောသည်။

သပိတ်စစ်ကြောင်းတွင် စစ်အာဏာရှင်ချုပ်ငြိမ်းရန် အမျိုးသမီးများ စိန်ခေါ်သံဆိုသည့်ဆောင်ပုဒ်ဖြင့် အမျိုးသမီးများ ဦးဆောင်ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုကို အမျိုးသမီး၏ အခွင့်အရေးနှင့်ပတ်သက်ပြီး စာတန်းကိုင်ဆောင်ခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

“အဲ့တော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးထုတွေကို မက်ဆေ့ချ်တစ်ခုပေးချင်တယ်။ ကျွန်မတို့ကိုင်တဲ့ ဆက်ဆေ့တွေတော့ အများကြီးရှိတယ်။ စစ်အာဏာရှင်ကို အလိုမရှိဘူး။ စစ်အာဏာရှင်က ကျွန်မတို့ အတွင်းခန်း ဒီကပ်ခွာတစ်ခုလောက်တောင်မှ အကာအကွယ်မပေးနိုင်ဘူး လုံခြုံမှုမပေးနိုင်ဘူး။ ဒါကြောင့် ကျွန်မတို့ ဒါကို လုံးဝဆန့်ကျင်ပါတယ်။ ဒီစစ်အာဏာရှင်ကို မချေမှုန်းမချင်း မပြတ်မချင်း တိုက်ပွဲဝင်ရမယ်ဆိုတာကို ကျွန်မတို့ ပြောပြချင်တာဖြစ်တယ်” ဟု သပိတ်စစ်ကြောင်းကို ဦးဆောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပထမဆုံး ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် ၁၉၉၇ ခုနှစ် မတ် ၈ ရက်တွင် ပြန်လည်သတ်မှတ်ပြီး နေ့ထူးတစ်နေ့အဖြစ် နှစ်စဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းကို လွိုင်ကော်မြို့၊ ဖရူဆိုမြို့တွင်လည်း ပြုလုပ်သွားခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...