ချင်းပြည်နယ် စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကို နှုတ်ထွက်ခွင့် CNLD ပါတီ ခွင့်ပြု

ချင်းပြည်နယ် စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကို နှုတ်ထွက်ခွင့် CNLD ပါတီ ခွင့်ပြု

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ချင်းပြည်နယ် စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကို နှုတ်ထွက်ခွင့်ပြုပြီးဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က မတ် ၃ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

 

ဦးကျော်ငြိမ်းသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ချင်းပြည်နယ် သစ်တောနှင့်သတ္တုရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ချင်းပြည်နယ်စီမံခန့်ခွဲရေး ကောင်စီတွင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် အာဏာသိမ်းစစ်ကောင်စီ၏ ကမ်းလှမ်းချက် အားလက်ခံမှုကြောင့် အများပြည်သူ၏ ဝေဖန်မှုများ ခံနေရသည်။

 

ထို့ပြင် ၎င်းသည် ယခင်က  ချင်းတိုးတက်ရေး (CPP) ပါတီတွင် ဒုဥက္ကဌ၊ KACC တွင်ဥက္ကဌတာဝန်များကို တာဝန်ယူထမ်းဆောင်ကာ ချင်းပါတီ သုံးပါတီပူးပေါင်းဖွဲ့စည်းလိုက်သည့်CNLD ပါတီကိုကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်ပလက်၀မြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင်၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

 

၀န်ကြီးဟောင်းဦးကျော်ငြိမ်းသည်ချင်းအမျိုးသားရေးကိစ္စများတွင် အားကိုးရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...