ကချင်ဝန်ကြီး လေးပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့

ကချင်ဝန်ကြီး လေးပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့
by -
ခေါင်ညွယ် (KNG)

တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန် ဖမ်းဆီးခဲ့သော ကချင်ပြည်နယ်ဝန်ကြီး လေးပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

"ထောင်ထဲမှာရှိတယ်။ ရောက်နေပြီဆိုတဲ့သတင်းကခိုင်မာတယ်။ လုံးဝသေချာတယ်။ တစ်ရာရာခိုင်နှုန်းသေချာတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားမေးရင်တော့ မရှိဘူးဘဲပြောနေတာ။ မိသားစုဆီကိုလည်း အကြောင်းကြားတာမရှိဘူး။ကျွန်တော် တို့ကိုလည်း ယနေ့ထိအကြောင်းကြားတာတော့ မရှိဘူး။ သူတို့က ဘယ်သူ့ကိုမှမပြောဘဲနဲ့အထဲကလူက သတင်းပေးလို့ ကျွန်တော်တို့သိရ တာဖြစ်တယ်”ဟု ပါတီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဝန်ကြီး လေးပါးနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို မတ် ၃ ရက်တွင် မြစ်ကြီးနားအကျဉ်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ လူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ လူမူရေးဝန်ကြီး ဦးနေဝင်းနှင့် ရွှေကူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစိီအဖွဲ့ချုပ်ပါတီမှ ဝန်ကြီးများအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကိုးဦးထက်မနည်း ရှိနေသေးကြောင်းလည်း သိရသည်။

သို့သော် မြစ်ကြီးနားအကျဉ်းထောင်သို့ ဝန်ကြီးလေးပါးနှင့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးသာပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျန်သူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးဟု ကချင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများက ပြောသည်။

"ဖမ်းတယ်ဆိုရင်လည်း လူ့အခွင့်ရေးနဲ့အညီဖမ်းစေချင်တယ်။ ဖမ်းထားပြီဆိုလည်း သက်ဆိုင်တဲ့မိသားစုတွေဆီကိုတော့ အကြောင်းကြားစေချင်တယ်။ ပြီးတော့ ဘယ်အမူနဲ့ဖမ်းတယ်ဆိုတာ လူတစ်ယောက်ရဲ့ ရပိုင်ခွင့်ရစေချင်ပါတယ်။ ခုကမိသားစုဝင်တွေကို အကြောင်းကြားတာလည်း မရှိဘူး ဘာပုဒ်မတွေနဲ့ဖမ်းလဲ တရားရုံးမရောက်သေးတဲ့ချိန်တော့ တိတိကျကျ ပြောလို့မရသေးပါဘူး” ဟု ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...